အားလုံးပဲမင်္ဂလာပါနော်။ ညဘက်တွေမှာ Moisturizer အပြင် Night Cream လေးတွေ လိမ်းဖို့လည်း လိုအပ်တာကို ပျိုမေတို့သိထားပြီးပြီလား။ အသားအရေ အစိုဓာတ်ပေးတဲ့နေရာမှာ Moisturizer တွေက အသုံးဝင်ပေမယ့် Night Cream ကတော့ အစိုဓာတ်အပြင် ညအိပ်ချိန်အတွင်း ဆဲလ်သစ်လည်ပတ်မှုဖြစ်စဉ်ကိုပါ အားဖြည့်ပေးတာကြောင့် အရေပြားအတွင်း Collagen ဓာတ်ထုတ်လုပ်မှုလည်း တက်စေပါတယ်။ များသောအားဖြင့် Night Cream ကို အသက် ၂၀ ကျော်အရွယ်ကနေ စသုံးသင့်ပြီး ပုံမှန်သုံးပေးမယ်ဆိုရင် အရေးအကြောင်းတွေမပေါ်အောင် ကာကွယ်ပေးကာ အသားလည်းကြည်လာစေမှာပါ။

ဒါကြောင့်မို့ Skin Type တော်တော်များများနဲ့လည်းအဆင်ပြေပြီး ပျိုမေတို့အတွက် အသုံးတည့်စေမယ့် Night Cream တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ETUDE HOUSE Moistfull Collagen Sleeping Pack


ဒီ Sleeping Mask လေးမှာ ရေဓာတ်နဲ့ Collagen ဓာတ်ဖြည့်ပေးနိုင်တဲ့ အာနိသင်တွေပါဝင်တာမို့ Dry Skin သမားတွေအတွက် အရမ်းအသုံးဝင်ပါတယ်။ Gel အမျိုးအစားဖြစ်တာကြောင့် ပေ့ါပေါ့ပါးပါးနဲ့ ညတိုင်း လိမ်းပြီး အိပ်လို့ရတဲ့ ပစ္စည်းလေးလည်းဖြစ်ပါတယ်။

၂။ Innisfree Jeju Orchid Enriched Cream


Innisfree ရဲ့ဒီ Cream လေးကလည်း အရေးအကြောင်းတွေသက်သာပြီး အသားအရေ တင်းရင်းကာ အိအိလေးဖြစ်စေပါတယ်။ ဈေးလည်းသင့်သလို လူကြိုက်များတဲ့ Cream လေးဖြစ်ပါတယ်။

၃။ Olay Regenerist Micro-Sculpting Cream


နည်းနည်းလေးလိမ်းရုံနဲ့ ထိရောက်တဲ့ Olay ရဲ့ Night Cream လေးက ပျက်စီးသွားတဲ့အရေပြားကို ပြန်လည်ပြုပြင်ပေးပြီး အသားကြည်လာစေပါတယ်။ မနက်ခင်းမှာ Skin လေး Glow ပြီး နိုးထနိုင်ဖို့ ကူညီပေးမှာပါ။

၄။ Klairs Midnight Blue Calming Cream


ကိုးရီးယားနိုင်ငံထုတ် Klairs ရဲ့ Night Cream လေးက အသားအေးပြီး အရေပြားပေါ်က အမာရွတ်တွေ ဖယ်ရှားပေးနိုင်တာမို့ ဝက်ခြံထွက်ထားတဲ့သူတွေ၊ နေလောင်ထားတဲ့သူတွေအတွက် ကွက်တိပါပဲ။ Sensitive အသားအရေရှိသူတွေပါ သုံးနိုင်ပြီး အသားနီမြန်းတာနဲ့ ယားယံတာတွေသက်သာဖို့ ကူညီပေးမှာပါ။

၅။ NEOGEN Vita Duo Night Cream


ဗီတာမင် C ၊ E ၊ Green Tea နဲ့ လာဗင်ဒါစတဲ့ သဘာဝပစ္စည်းတွေပါဝင်ပြုလုပ်ထားတဲ့ Neogen Night Cream လးကလည်း လူသုံးများသလို စေးကပ်မှုမရှိဘဲ ပေါ့ပေါ့ပါးပါးလိမ်းနိုင်တဲ့ Cream ဖြစ်ပါတယ်။ Skin Type တော်တော်များများအတွက်လည်း အဆင်ပြေသလို မနက်နိုးတာနဲ့ အသားလေးကြည်ပြီး Glow နေစေမှာပါ။

Photo Source: Pinterest

by MyStyle Myanmar