ဗောက်ပြဿနာရှိနေလို့ စိတ်ညစ်နေလား ? ခေါင်းမှာဗောက်တွေရှိရင် လူကြားထဲ နေရတာ စိတ်မသက်မသာဖြစ်သလို စိတ်ညစ်ဖို့လည်းကောင်းပါတယ်။ နေ့တိုင်းခေါင်းလျှော်တာက သင့်အတွက် အလုပ်မဖြစ်ဘူးဆိုရင် ဗောက်တွေကို ဖယ်ရှားဖို့ ရိုးရှင်းပေမယ့် ထိရောက်မှုရှိတဲ့ အိမ်တွင်းကုထုံးအချို့ကို စမ်းကြည့်ပါ။

ပဲနံ့သာစေ့

ပဲနံ့သာစေ့က ဗောက်ဖြစ်စေတဲ့မှိုတွေကို သေစေနိုင်ပါတယ်။ ပဲနံ့သာစေ့ကို တစ်ညလုံးစိမ်ပြီး နောက်နေ့မနက်မှာ အားလုံးကျေအောင် ကြိတ်ပေးပါ။ ဆံပင်ပေါ်လိမ်းပြီး နာရီဝက်အကြာမှာ ရေဆေးချလိုက်ပါ။

Lemon Juice

ဗောက်ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုဖြစ်တဲ့ Seborrheic Dermatitis ဖြစ်ပွားနိုင်ခြေကို လျော့စေတဲ့ ဗီတာမင် B က Lemon Juice မှာ ပါပါတယ်။ ဘက်တီးရီးယားပိုးမွှားများလည်း ပါတာမလို့ ဦးရေပြားပေါ်ကမှိုများကို ထိရောက်စွာကာကွယ်ပေးပါတယ်။

Apple Cider Vinegar

ဗောက်တွေက pH ပမာဏ မညီမျှတာကြောင့် ဖြစ်တတ်ပါတယ်။ ACV က pH အဆင့်ကို မျှတစေပြီး ရောဂါလက္ခဏာများကို သက်သာစေတာကြောင့် ဗောက်ဖြစ်စေတဲ့ မှိုတွေကို ရပ်တန့်အောင် ကူညီပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်မှာ ဗောက်လက္ခဏာတွေကို လျှော့ချပေးနိုင်တဲ့ မှိုသတ်ဆေးနဲ့ ဘက်တီးရီးယားတွေကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ပါတဲ့အပြင် မှိုပိုးကူးစက်မှုကိုလည်း လျှော့ချပေးပါတယ်။

သံလွင်ဆီ

သံလွင်ဆီက ဗောက်တွေကို လုံးဝပျောက်ကင်းအောင် မကူညီနိုင်ပေမယ့် အစက်အပြောက်တွေကို လျှော့ချပေးနိုင်ပါတယ်။ ခြောက်နေတဲ့ဦးရေပြားထဲ သံလွင်ဆီနည်းနည်းပွတ်လိမ်းပြီး ဆံပင်ကို Shower Cap နဲ့ အုပ်ထားလိုက်ပါ။ တစ်နာရီလောက်ကြာပြီးမှ ရေဆေးချပါ။