ဝါနေတဲ့သွားတွေကြောင့် ဓာတ်ပုံတွေ မှာ ဒါမှမဟုတ် လူမြင်ကွင်းမှာ ပြုံးရယ်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရဲ့လား ? ဝါနေတဲ့သွားတွေကို ဖြူချင်ပေမယ့် Dental Clinic တွေမှာ whitening treatment တွေက ဈေးကြီးလို့ အခက်တွေ့နေရင် အကုန်အကျနည်းတဲ့ ဒီနည်းတွေကိုစမ်းကြည့်ပါ။

နေ့စဉ် အစားအသောက်ကို ထိန်းပါ

အချဉ်၊ အက်စစ်ဓာတ်ပါတဲ့ အချိုရည်တွေ၊ ဖျော်ရည်တွေ၊ ဆိုဒါတွေကို လျှော့စားသင့်သလို သွားတွေကို စွန်းထင်းစေပြီး အဝါရောင်ဖြစ်စေတဲ့ ဝိုင်၊ လက်ဖက်ရည်နှင့် ကော်ဖီတို့ကိုလည်း လုံးဝမရှောင်နိုင်ရင်တောင်မှ လျှော့ဖို့ လိုပါတယ်။ ညဘက်တွေမှာ သောက်ဖြစ်ခဲ့ရင်လည်း သောက်ပြီး အနည်းဆုံး နာရီဝက်ခြားပြီးမှ သွားတိုက်ပါ။

ဆီနဲ့ပလုတ်ကျင်းပေးပါ

အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့ ဆီနဲ့ပလုတ်ကျင်းတာက အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေကို သန့်ရှင်းစေပြီး သဘာဝအတိုင်း သွားများကိုဖြူစေပါတယ်။ ဘယ်လိုဆီနဲ့မဆိုလုပ်လို့ရပေမယ့် အကောင်းဆုံးကတော့ အုန်းဆီပါ။ အုန်းဆီကို သွားအနှံ့ ၁၅ မိနစ်လောက်လိမ်းပေးရင် သွားတွေက သဘာဝအတိုင်း ဖြူစင်လာမှာဖြစ်ပါတယ်။ ပလုတ်ကျင်းပြီး အဆီကို ထွေးထုတ်လိုက်ပါ။

မုန့်ဖုတ်ဆိုဒါနဲ့ သွားတိုက်ပါ

မုန့်ဖုတ်ဆိုဒါမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိရှိပြီး သွားပိုးစားတာကို တိုက်ဖျက်ပေးပြီး သွားရဲ့မျက်နှာပြင်ပေါ်က အစွန်းအထင်းတွေကို ဖယ်ရှားပေးပါတယ်။ ပန်းကန်လုံးတစ်လုံးထဲမှာ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေ ၃ ဇွန်း ၊ သွားတိုက်ဆေးနဲ့ ရောစပ်ပြီး သွားတိုက်ဆေးအနေနဲ့သုံးပေးပါ။

ခံတွင်းသန့်ရှင်းရေးကို ထိန်းသိမ်းပါ

အိမ်မှာ သဘာဝအတိုင်းသွားတွေကို ဖြူစင်စေချင်ရင် ခံတွင်းသန့်ရှင်းမှုကလည်း တကယ်အရေးကြီးပါတယ်။ တစ်နေ့ အနည်းဆုံး နှစ်ကြိမ် သွားတိုက်ပါ။ သွားဖုံးတစ်ဝိုက်နဲ့ သွားတွေကို သန့်စင်ပေးဖို့ မမေ့ပါနဲ့။ ဖလိုရိုက်ပါ၀င်တဲ့ သွားတိုက်ဆေးနဲ့ပုံမှန်တိုက်ပေးရင် သွားပိုးစားခြင်းကို တိုက်ဖျက်ပေးပြီး သွားကြွေလွှာကို ကာကွယ်ပေးပါတယ်။ သွားဖုံးယိုယွင်းခြင်းကနေလည်းကာကွယ်ပေးပြီး သွားမျက်နှာပြင်ကအစွန်းအထင်းများကို ဖယ်ရှားပေးပါတယ်။

Apple Cider Vinegar

Apple Cider Vinegar က သွားပိုးစားခြင်းကို တိုက်ဖျက်ပေးပြီးသဘာဝအတိုင်း သွားတွေကို ဖြူစေပါတယ်။ ခံတွင်းအတွင်း နာတာရှည်သွားဖုံးပိုးဝင်တာကိုလည်း ကောင်းမွန်စေပါတယ်။ Apple Cider Vinegar ကို သွားနဲ့ သွားဖုံးတစ်ဝိုက်ကို ပွတ်သပ်ပြီး ပလုတ်ကျင်းပေးပါ။ 1-2 မိနစ်အကြာ ရေနဲ့ပြန်ဆေးပါ။ သတိထားရမှာက သည် အက်ဆစ်တစ်မျိုးဖြစ်တာကြောင့် ရေရှည်အသုံးပြုရင်တော့ သွားအတွက် မကောင်းပါဘူး။

အသီးအခွံ

အခွံကို သဘာဝအတိုင်း သွားဖြူဖို့အတွက် သုံးနိုင်တဲ့အသီးအနှံတွေကတော့ လိမ္မော်၊ ငှက်ပျောသီးနဲ့ သံပုရာတို့ ဖြစ်ပါတယ်။ အသီးတွေကိုအခွံခွာပြီး သွားရဲ့ မျက်နှာပြင်ပေါ်မှာ အထပ်ထပ် ပွတ်ပေးပါ။ ပွတ်တိုက်ပြီး 5 မိနစ်လောက် ကြာရင် သွားတွေကို ဂရုတစိုက် ပွတ်တိုက်ပြီး အညစ်အကြေး မကျန်အောင် သေချာတိုက်ပေးပါ။