အလှပြင်ဆိုင်ကို ခဏခဏသွားရတာ ငြီးငွေ့လာတဲ့အခါ မျက်နှာအလှပြင်ဖို့အတွက် သဘာဝပစ္စည်းတွေကို ပြောင်းချင်နေပြီလား ? ကြည်လင်တောက်ပတဲ့ အသားအရေရဖို့ သဘာဝနည်းလမ်းတွေကိုမှ သုံးချင်တဲ့ပျိုမေတွေအတွက် ဘောလိဝုဒ်မင်းသမီးများရဲ့ သဘာဝအတိုင်း အသားအရေ ထိန်းသိမ်းမှုနည်းလမ်းများကို ဝေမျှပေးချင်ပါတယ်။

KareenaKapoor Khan

မျက်နှာအသားအရေအတွက် ပျားရည်ကို အစားထိုးသုံးတဲ့ ဘောလိဝုဒ်မင်းသမီးကတော့ KareenaKapoor Khan ပါ။

Alia Bhatt

အာလူးမလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီး Alia Bhatt ကတော့ သူမရဲ့အသားအရေ ပြန်လည်ရှင်သန်ဖို့အတွက် Multani Mitti ကို အားကိုးကြောင်း ပြောပြခဲ့ပါတယ်။ Multani Mitti က ဝက်ခြံပေါက်တတ်တဲ့ အသားအရေ ပိုင်ရှင်တွေအတွက် အိမ်တွင်းဆေးကောင်းတစ်လက်ဖြစ်ပေမယ့် ခြောက်သွေ့တဲ့အသားအရေရှိတဲ့သူတွေ အတွက်တော့ အဆင်မပြေပါဘူး။

Deepika Padukone

တောက်ပြောင်တဲ့ အသားအရေကို ရချင်ရင် ရေများများသောက်ပါ’ ဆိုတဲ့စကားက Deepika Padukone ရဲ့ ဆောင်ပုဒ်ပါ။ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးပြီး အသားအရေကို လှစေဖို့အတွက် နေ့တိုင်း ရေကို လုံလောက်အောင်သောက်တာထက် ပိုကောင်းတာမရှိပါဘူး။

Janhvi Kapoor

မလိုင်က အသားအရေကို အစိုဓာတ်ထိန်းပေးပြီး ပုံမှန်သုံးပေးရင် အမည်းစက်တွေကိုတောင် ဖယ်ရှားနိုင်တာမလို့ Janhvi က မလိုင်ကို တစ်ချိန်လုံး သုံးလေ့ရှိကြောင်း အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။

Rakul Preet Singh

မင်းသမီးချော Rakul Preet Singh ဝေမျှခဲ့တဲ့ Homemade Banana Mask ကတော့ ချေထားတဲ့ ငှက်ပျောသီးကို သံပုရာရည် ဇွန်းတစ်ဝက်နဲ့ ပျားရည်တစ်ဇွန်းရောပြီး ပန်းကန်လုံးတစ်လုံးထဲမှာ မွှေလိုက်ပါ။ ပြီမှ မျက်နှာပေါ်လိမ်းပြီး ခြောက်အောင်ထားပါ။ ခြောက်သွားပြီဆိုမှ ရေဆေးချပါ။