အသားဖြူတဲ့သူတွေအတွက်တော့ ခြေသည်းနီဆိုးမယ်ဆိုရင် ဘာအရောင်နဲ့ပဲဖြစ်ဖြစ် လိုက်ပါတယ်။ ဒါပေမယ့် တချို့အရောင်တွေကျတော့ ခြေထောက်လေးပိုပေါ်ပြီး ပိုလှသွားစေပါတယ်။ ဒီတော့ ဘယ်အရောင်တွေ အသားဖြူတဲ့သူတွေအတွက် အလိုက်ဖက်ဆုံးနဲ့ အလှဆုံးဖြစ်မလဲဆိုတာကို အဆုံးထိကြည့်ကြည့်လိုက်နော်။

အနီရောင်ရဲရဲလေးတွေက အသားဖြူတဲ့သူတွေအတွက် အလိုက်ဖက်ဆုံးခြေသည်းနီအရောင်ပါ။ ဆိုးထားရင် ထင်းပြီး ခြေထောက်လေးဖွေးနေတာ သိသာပါတယ်။

အသားဖြူတဲ့သူတွေသာ ခြေသည်းနီအဖြူရောင်လေးဆိုးမယ်ဆိုရင် သန့်ပြန့်ပြီး အရမ်းလှပါတယ်။

မိုးပြာရောင်လေးဆိုလည်း အသားဖြူတဲ့သူတွေနဲ့ အရမ်းလိုက်ပါတယ်။ အပြာရောင်အရင့်ထက်စာရင် အနုလေးက ခြေထောက်ဖွေးဖွေးလေးတွေနဲ့ ပိုလိုက်ပါတယ်။

ပန်းရောင်နုနုလေးတွေဆိုလည်း အသားဖြူတဲ့သူတွေအတွက် အရမ်းလှတဲ့ ခြေသည်းနီအရောင်လေးပါ။

အနက်ရောင်ခြေသည်းနီဆိုရင်တော့ အသားဖြူတဲ့သူတွေအတွက် ထင်းပြီးကို လှနေတာပါ။ ခြေထောက်လေးလည်း ပိုပေါ်စေပါတယ်။

Fancy ဆန်ဆန်အရောင်လေးဆိုးချင်တယ်ဆိုရင်တော့ အသားဖြူတဲ့သူတွေအနေနဲ့ အဝါရောင်လေးသာဆိုးလိုက်ပါ။

ငွေမှင်ရောင်ခြေသည်းနီလေးတွေကလည်း အသားဖြူတဲ့သူတွေနဲ့ အရမ်းလိုက်ပါတယ်။ ဖိနပ်အနက်ရောင်စီးမယ်ဆိုရင် ဒီအရောင်လေးက ပေါ်လွင်စေပါတယ်။

အပြာကိုမှ မီးခိုးရောင်ဘက်သွားတဲ့အရောင်ကလည်း အသားဖြူတဲ့သူတွေအတွက် လိုက်ဖက်တဲ့ ခြေသည်းနီအရောင်ပါ။ အသက် ၃၀ ကျော်လေးတွေဆိုရင် အရောင်ငြိမ်တာလေးဆိုးချင်ရင် ဒီအရောင်ကို ရွေးချယ်လို့ရတယ်နော်။

ကြက်သွေးရောင်ခြေသည်းနီကတော့ ဘယ်လိုအသားအရောင်မျိုးနဲ့မဆို လိုက်ဖက်တဲ့အရောင်လေးပါ။ အသားဖြူတဲ့သူနဲ့ဆို ပိုတောင်လှပါသေးတယ်။

ပန်းခရမ်းရောင်လေးဆိုလည်း အသားဖြူတဲ့သူတွေနဲ့ အရမ်းလှပါတယ်။ ခြေထောက်လေးပိုပေါ်စေပါတယ်။ ဒီအရောင်က အသားအရောင်မရွေးလိုက်ဖက်တဲ့အပြင် အသက်ကြီးတဲ့သူတွေ အရမ်းကြိုက်ကြတဲ့ အရောင်လေးပါ။

Photo Source: www.pinterest.com