Moisturizing ဟာ အသားအရေမှာလိုအပ်တဲ့ ရေဓာတ်ကိုထိန်းသိမ်းပေးပြီး အသားအရေကို တင်းရင်းစေတာမလို့ အသားအရေအတွက် အရေကြီးတဲ့ အခြေခံအဆင့်ပါပဲ။ ဒါပေမယ့် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေ အတွက်တော့ တချို့ Moisturizer တွေက ပိုအဆီပြန်စေပါတယ်။
အဆီပြန်တဲ့ အသားအရေရှိပိုင်ရှင်တွေဟာ တစ်နေ့ကို နှစ်ကြိမ် Moisturizer လိမ်းမယ်ဆိုရင် မနက်တစ်ကြိမ် နဲ့ ညမျက်နှာသစ်ပြီး အိပ်ရာမဝင်ခင် တစ်ကြိမ်လိမ်းပေးပါ။ ညဘက် Moisturizing ကိုရှောင်ချင်ရင်တော့ Hydrating Night Serum ကို လိမ်းပေးပါ။ ဒါဆို အဆီပြန်တဲ့အသားအရေအတွက် Moisturizer ကောင်းကောင်းကို ဘယ်လိုရွေးချယ်ရမလဲ ? ဒါတွေကတော့ အဆီပြန်တဲ့အသားအရေအတွက် အကောင်းဆုံး Moisturizer တွေပါ။
Neutrogena Hydro Boost Gel Cream
ဂျယ်လ်အခြေခံထားတာတဲ့ Neutrogena က hyaluronic acid နဲ့ ပေါင်းစပ်ထားတာမလို့ အဆီမပါတာကြောင့် အသားအရေကို အဆီပြန်ခြင်းမရှိစေဘဲ ၄၈ နာရီကြာ အစိုဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။
Earth Rhythm Phyto-Gel
Horsetail Extracts, Centella Asiatica နဲ့ Chlorophyll တို့လို ထူးခြားဆန်းပြားတဲ့ ပါဝင်ပစ္စည်းများနဲ့ ပေါင်းစပ်ထားတဲ့ Earth Rhythm က ဆဲလ်သေများကို ဖယ်ရှားပေးတာကြောင့် အသားအရေကို သဘာဝအတိုင်းတောက်ပလာစေပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာများကို တိုက်ဖျက်ပေးပါတယ်။
Minimalist 0.3% Ceramide Moisturising Gel Cream For Barrier Repair
အဆီပြန်တဲ့အသားအရေအတွက် သင့်တော်ပြီး Lightweight ဖြစ်တဲ့ ဒီ Moisturisers က Ceramides ပါ၀င်ပါတယ်။ ဒီ Gel Cream က ပျက်စီးနေတဲ့အသားအရေကို ပြန်လည်ပြုပြင်ပေးတဲ့ Ursolic Acid လည်း ပါဝင်ပါတယ်။
Forest Essentials Light Day Lotion Lavender & Neroli
ဒီ Moisturisers က အသားအရေကို ပြင်းထန်စွာ ရေဓာတ်ဖြည့်ပေးပြီး အတွင်းပိုင်းမှ အာဟာရဖြည့်ပေးတာကြောင့် ပြန်လည်နုပျိုစေပါတယ် ။ ဒါ့အပြင် အရေပြားကို ကြမ်းတမ်းတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ဖို့ SPF 25 လည်း ပါ၀င်ပါတယ်။
CeraVe Hyaluronic Acid Face Serum
CeraVe က Hyaluronic Acid၊ Vitamin B5 နဲ့ မတူညီတဲ့ Ceramides စတာတွေ ပေါင်းစပ်ထားတာမလို့ အသုံးပြုပြီး တစ်လအတွင်း အံ့သြဖွယ်ရလဒ်များရရှိစေပါတယ်။
Dot & Key Vitamin C + E Super Bright Moisturiser
Sodium Ascorbyl Phosphate နဲ့ Ethyl Ascorbyl Ccid တို့လို ဗီတာမင် C ကြွယ်ဝတဲ့ ပါဝင်ပစ္စည်းတွေ ပါဝင်တဲ့ Dot & Key ရဲ့ အားသာချက်ကတော့ အသားအရေအမျိုးအစားအားလုံးနဲ့ လိုက်ဖက်ပါတယ်။
Cosrx Advanced Snail 92 All In One Cream
Cosrx က ထူးခြားတဲ့ထုတ်ကုန်တစ်ခုဖြစ်ပြီး အဆီမပြန်ဘဲ Gel-Like Texture ပါ၀င်တာကြောင့် အရေပြားထဲ အလွယ်တကူ စိမ့်ဝင်သွားစေတဲ့အပြင် ထိခိုက်လွယ်သောအသားအရေများအတွက် သင့်လျော်ပါတယ်။
Sebamed Clear Face Care Gel
ရေကိုအခြေခံထားတာမလို့ ပေါ့ပါးပြီး Hyaluronic Acid နဲ့ ရှားစောင်းလက်ပတ်တို့လို အအေးဓာတ်များပါဝင်တာကြောင့် ပိုလျှံနေသော Sebum ထွက်ရှိမှုကို ထိန်းချုပ်တာမလို့ ဝက်ခြံထွက်တာကို သက်သာပျောက်ကင်းစေပါတယ်။