ပြုံးလိုက်တဲ့အခါ သင့်အပြုံးတွေက သွားတွေကြောင့် သင်လိုချင်သလောက် တောက်ပမနေလို့ စိတ်ညစ်နေရလား? သင့်သွားတွေကို အမြန်ဆုံးဖြူစင်စေဖို့ ရိုးရှင်းတဲ့ ဒီနည်းလမ်းလေးတွေကို စမ်းကြည့်ပါ။

ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ သို့မဟုတ် ဝိုင်နီတို့လို အင်္ကျီအဖြူကို စွန်းထင်းစေတဲ့အရာမှန်သမျှဟာ သင့်သွားတွေကိုလည်း  စွန်းထင်းစေနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီ၊ လက်ဖက်ရည် သောက်တတ်ရင် သွားအလှအတွက် လျှော့သောက်သင့်ပါတယ် ။ သောက်ပြီးသွားတဲ့အချိန်တိုင်း ပလုတ်ကျင်းပေးပါ။

နှုတ်ခမ်းနီဆိုးတဲ့အခါ ချယ်ရီနီ၊ ဝိုင်၊ ဘယ်ရီသီး၊ ဇီးသီး နဲ့ နှင်းဆီပန်းရောင်တို့လိုမျိုး အရောင်တောက်တဲ့ နှုတ်ခမ်းနီကိုဆိုးပေးပါ။ သင့်သွားတွေကို ပိုပြီးဖြူစေတယ်လို့ ထင်ရစေပါတယ်။

စူးရှတောက်ပသောအပြုံးတစ်ခုရရှိဖို့ သွားသန့်ရှင်းရေးရဲ့ အခြေခံအချက်တွေကို လိုက်နာသင့်ပါတယ်။ တစ်နေ့ကို နှစ်ကြိမ် သွားတိုက်ပါ။  အစာစားပြီးတိုင်းတိုက်ပေးရင် ပိုကောင်းပါတယ်။ သွားတိုက်တံကို  ၃လ သို့မဟုတ် ၄လတစ်ကြိမ် ဒါမှဟုတ် အမွေးအမှင်တွေ ဖျော့တော့လာရင် အသစ်လဲပေးပါ။

ဝါနေတာတွေကို ဖယ်ရှားဖို့နဲ့ သွားတွေကို အမြန်ဆုံးဖြူဖို့အတွက်ဆိုရင်တော့ သွားဆရာဝန်နဲ့ တိုင်ပင်ပြီး လေဆာနဲ့ပြုပြင်လို့ရပါတယ်။

Braces တွေက ကောက်နေတဲ့သွားတွေကို ဖြောင့်စေပြီး သင့်ရဲ့အပြုံးမှာ လိုနေတဲ့ ကွက်လပ်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

တောက်ပပြီး ကျန်းမာတဲ့ သွားတွေကိုပိုင်ဆိုင်နိုင်ဖို့ ကူညီပေးရမှာက သွားဆရာဝန်တိုင်းရဲ့ တာဝန်ပါ။ ဒါကြောင့် သွားနဲ့ပတ်သတ်တဲ့ပြဿနာရှိနေပြီဆိုရင် သွားဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး အကြံပြုချက် တောင်းခံပါ။ ကုသမှုခံယူပါ။