ဝက်ခြံရယ်၊ ပေါက်ပြီးကျန်နေခဲ့တဲ့ အမာရွတ်တွေကို ဖုံးကွယ်နိုင်ဖို့ Foundation ကောင်းကောင်းတွေကို လိုက်ရှာနေကြတယ်မဟုတ်လား။ မျက်နှာမှာရှိနေတဲ့ အပြစ်အနာဆာတွေကို ဖုံးကွယ်နိုင်ဖို့ အကောင်းဆုံးမိတ်ကပ်တွေကို ဖော်ပြပေးချင်ပါတယ်။

Lancôme တံဆိပ် Teint Idole

ဒီမိတ်ကပ်လေးက လိမ်းလိုက်တဲ့အခါမှာ အသားအရေကိုချောမွေ့သွားစေပြီး မျက်နှာပြင်ပေါ်မှာရှိနေတဲ့ အပြစ်နာဆာတွေကို ဖုံးအုပ်ပေးနိုင်ပါတယ်။ အဆီပြန်တတ်တဲ့သူတွေနဲ့ ဝက်ခြံပေါက်တတ်တဲ့အသားအရေတွေကို ကာကွယ်ပေးနိုင်ဖို့အတွက်ဆိုရင် ကောင်းမွန်တဲ့ Primer တစ်ခုနဲ့ ရောပြီးအသုံးပြုပေးလို့ရပါတယ်နော်။

Tarte Amazonian Clay Foundation

Tarte က ထုတ်လုပ်ထားတဲ့ Amazonian Clay Foundation ကလည်း ကောင်းကောင်းဖုံးအုပ်ပေးနိုင်တဲ့ မိတ်ကပ်မျိုးပါပဲ။ လိမ်းလိုက်တဲ့အခါမှာလည်း ချောချောမွေ့မွေ့ရှိတာကြောင့် သဘာဝကျကျဖြစ်နေစေမှာပဲဖြစ်ပါတယ်နော်။

Maybelline တံဆိပ် Fit Me

Maybelline Fit Me ကထုတ်ထားတဲ့ Matte + Poreless မိတ်ကပ်ဟာဆိုရင်လည်း နာမည်လေးအတိုင်းပဲ မျက်နှာကိုသပ်ရပ်လှပစေဖို့ အပြစ်အနာဆာတွေကို ဖုံးကွယ်ပေးနိုင်ပြီး လိမ်းထားရင်လည်းကြာရှည်ခံစေပါတယ်။ ဈေးနှုန်းကလည်း လူတန်းစားမရွေးသုံးနိုင်တဲ့ ဈေးလေးဖြစ်တာကြောင့် တော်တော်များများအသုံးပြုနေတဲ့ ပစ္စည်းလေးပါ။

MAC

MAC ထုတ်လုပ်ထားတဲ့ Pro Longwear Foundation ဆိုရင်လည်း မျက်နှာအသားအရေကို သေချာဖုံးအုပ်ထားနိုင်စွမ်းရှိတာကြောင့် ရွေးချယ်ဖို့သင့်တော်တဲ့ Foundation မျိုးပါ။ Longwear ဖြစ်တာကြောင့် လိမ်းထားရင်လည်းကြာရှည်ခံစေပြီး အပြစ်အနာဆာတွေကို ကောင်းကောင်းဖုံးထားနိုင်မှာပါ။