မျက်နှာမှာဝက်ခြံတွေရှိနေတာကြောင့်ပဲဖြစ်ဖြစ်၊ ဝက်ခြံကြောင့်ကျန်နေတဲ့အမာရွတ်တွေရှိနေခဲ့ရင်ပဲဖြစ်ဖြစ် ဒီလိုအရာတွေကို မိတ်ကပ်တစ်ခုပဲလိမ်းပြီး ဖုံးထားလို့မရတာတော့ အသေချာပါပဲ။

အပြစ်အနာဆာမရှိပဲ လှပတဲ့မိတ်ကပ်လိမ်းခြယ်မှုမျိုးကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ဆောင်ထားဖို့လိုအပ်တဲ့ Concealers တွေထဲကမှ အကောင်းဆုံးဆိုတာတွေကို ရွေးချယ်ဖော်ပြပေးချင်ပါတယ်။

MAC Pro Long Wear Concealer

ဒီ Concealer ကတော့လိမ်းလိုက်ရင် ထူထူကြီးဖြစ်မနေပဲ အချိန်ကြာကြာဖုံးဖိပေးထားနိုင်တာကြောင့် သုံးလို့ကောင်းတဲ့ Concealer လို့လည်းဆိုလို့ရပါတယ်။ အသားအရေတိုင်းနဲ့ သင့်တော်ပြီး မျက်နှာပေါ်မှာရှိတဲ့အပြစ်နာဆာတွေကို ဖုံးဖိပေးထားနိုင်ပြီး သဘာဝဆန်ဆန်လှပနေစေမှာပါ။

L.A Girl Pro Concealer HD

ခရင်မ်လိုမျိုးသုံးရတဲ့ Concealer ဖြစ်တာကြောင့် သုံးရတာအရမ်းကိုလွယ်ကူစေပါတယ်။ မျက်နှာပေါ်မှာရှိတဲ့ အပြစ်နာဆာတွေကို သေချာဖုံးဖိပေးထားနိုင်ပြီး အချိန်ကြာကြာလည်းခံတော့ ရုံးသမားမမတွေနဲ့ ကျောင်းသူလေးတွေအတွက် အရမ်းကိုသင့်တော်ပါတယ်။ သုံးလိုက်တဲ့အခါမှာ မျက်နှာပေါ်မှာချောမွေ့စွာ ပွတ်လိမ်းလို့ရတာကြောင့် အရမ်းကိုအဆင်ပြေပါတယ်နော်။

L’Oreal Paris True Match Concealer

ဈေးကွက်ထဲမှာလည်း ဝယ်ရတာလွယ်ကူပြီး ဈေးနှုန်းကလည်း လူတိုင်းသုံးနိုင်တဲ့ဈေးနှုန်းလည်းဖြစ်တယ် အရည်အသွေးကလည်းကောင်းမွန်တာကြောင့် မြန်မာနိုင်ငံကမိန်းကလေးတွေတော်တော်များများ အကြိုက်တွေ့နေတဲ့ ပစ္စည်းဆိုလည်းမမှားဘူးနော်။ ဒီ Concealer လေးကတော့ Sensitive ဖြစ်တဲ့အသားအရေပိုင်ရှင်တွေသုံးပေးဖို့လည်း အရမ်းကိုအဆင်ပြေတဲ့ ပစ္စည်းကောင်းလို့သတ်မှတ်လို့ရပါတယ်နော်။

Maybelline New York Fit Me Concealer

Maybelline လို့ဆိုလိုက်တာနဲ့ မိန်းကလေးတိုင်းသိထားပြီးသားဖြစ်နေတဲ့ Brand တစ်ခုပါ။ ဈေးနှုန်းကလည်းသင့်တော်ပြီး အရည်အသွေးကလည်းကောင်းမွန်တဲ့ ပစ္စည်းမျိုးလို့ပြောလို့ရပါတယ်။ ဒီ Concealer ကဆိုရင် လိမ်းရတာအရမ်းကိုအဆင်ပြေပြီး သုံးကြည့်ဖူးတဲ့သူတိုင်း ကြိုက်ကြတဲ့ပစ္စည်းလို့သတ်မှတ်လို့ရပါတယ်နော်။

Photo Source: Pinterest

Featured Image Source: The Beauty Bargainista