ဒီဝါကျွတ်မှာ အစွံထုတ်ပြီး ချစ်ရသူနဲ့ ရွှေလက်တွဲဖို့ စီစဉ်ထားတဲ့သူတို့ရှိပါသလား။ မင်္ဂလာပွဲတွေကို ပုံစံအမျိုးမျိုးနဲ့ လုပ်ကြပြီး တစ်သတ်တာ တန်ဖိုးထားရမယ့် အမှတ်တရ အချိန်လေးတွေကို ဖန်တီးကြပါတယ်။ မင်္ဂလာပွဲတွေမှာ သီချင်းကောင်းလေးတွေ ကတော့ မပါမဖြစ်ပါ။

ဘယ်လိုပုံစံနဲ့ မင်္ဂလာပွဲပဲဖြစ်ဖြစ် တေးဂီတကို ထည့်သွင်းခြင်းက ရင်ခုန်ကြည်နူးစရာ အချိန်ကောင်းလေးတွေကို ပိုမိုအသက်ဝင်အောင် ဖန်တီးပေးနိုင်ပါတယ်။ ဒါကြောင့် မကြာခင်မှာ လက်ထပ်ပွဲကျင်းပပြီး စိတ်ကူးယဉ်ဆန်တဲ့ မင်္ဂလာ ညစာစားပွဲလေးလုပ်ဖို့ စဉ်းစားထားတဲ့သူတို့အတွက် သီချင်းကောင်းလေးတွေ ဖွင့်ဖို့ ဖော်ပြပေးချင်ပါတယ်။

“Lucky” by Jason Mraz & Colbie Caillat

မင်္ဂလာ ညစာစားပွဲလေးမှာ ဖွင့်ဖို့ သီချင်းကောင်း လေးတစ်ပုဒ်ကတော့ Jason Mraz နဲ့ Colbie Caillat တို့ သီဆိုထားတဲ့ Lucky ဆိုတဲ့ သီချင်းလေးပါ။ ကွီးတို့ရေ တစ်ခါတစ်လေမှာ ဒီလူကိုတွေ့ဆုံရတာ ၊ ဆုံဆည်းရတာ အရမ်းကံကောင်းတယ်လို့ တွေးမိတဲ့ အခိုက်အတန့်ရှိပါသလား။ ဒီလှပတဲ့ သီချင်းလေးကို ဘယ်လိုပဲ အဓိပ္ပာယ်ဖွင့်ပါစေ၊ ကွီးတို့ရဲ့ ပွဲလေးမှာ တကယ်ကိုဖွင့်သင့်တဲ့ သီချင်းကောင်းလေးပါ။

“A Thousand Years” by Christina Perri

ဒီသီချင်းလေးကတော့ အားလုံး သိပြီးသားဖြစ်တဲ့အတိုင်း The Twilight Saga: Breaking Dawn – Part 1 ရဲ့ ဇာတ်ဝင်တေးဖြစ်ပါတယ်။ အခုထက်တိုင် လူတော်တော်များများရဲ့ နှလုံးသားထဲမှာ ရှင်သန်နေဆဲ ဖြစ်တဲ့ ဒီသီချင်းလေးနဲ့ သင်တို့ရဲ့ အချစ်တွေကို သက်သေထူလိုက်ပါ။

“Thinking Out Loud” by Ed Sheeran

ဒီသီချင်းဟာ အချစ်သီချင်းတွေထဲမှာ တကယ်ကိုလှပတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပါ။ အစစ်အမှန်မဟုတ်တဲ့ အရာတွေက ကြာရှည်မခံပဲ လွယ်လွယ်ကူကူ ကွယ်ပျောက်သွားနိုင်ပေမယ့် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရားဟာ ရေရှည်တည်တံ့နေမှာပါ။

“Beautiful in White” by Westlife

မင်္ဂလာ ညစာစားပွဲပဲ ဖြစ်ဖြစ်၊ မင်္ဂလာပွဲပဲ ဖြစ်ဖြစ်၊ မဖြစ်မနေဖွင့်သင့်တဲ့ သီချင်းတစ်ပုဒ်ကို ပြောပါဆိုရင် Westlife အဖွဲ့ဝင် Shane ရဲ့ Beautiful in White ပါ။ တကယ်ကို ခမ်းနားလှပတဲ့ Wedding Song တစ်ပုဒ်ပဲ ဖြစ်ပါတယ်။

“To Make You Feel My Love” by Adele

Adele ရဲ့ To Make You Feel My Love ဆိုတဲ့ ငြိမ့်ငြိမ့်ညောင်းညောင်း သီချင်းလေးကလည်း သင့်ရဲ့ မင်္ဂလာ ညစာစာပွဲလေးကို ပိုပြီးပြည့်စုံစေမယ့် သီချင်းကောင်း လေးတစ်ပုဒ်ဆိုလည်း မမှားပါဘူး၊

“The Cello Song” by The Piano Guys

မင်္ဂလာ ညစာစားပွဲလေးမှာ စာသားမပါဘဲ အဓိပ္ပါယ် အပြည့်နဲ့ သံစဉ်လေးတွေကိုပဲ ဖွင့်ချင်တယ်ဆိုရင်တော့ The Piano Guys ရဲ့ The Cello Songs လေးကို ရွေးချယ်ဖို့ အကောင်းဆုံးပါပဲ။