အတိုဝတ်ရတာထက် အရှည်ဝတ်ရတာကိုကြိုက်တဲ့ မိန်းကလေးတွေအတွက် body အလှလေးပိုပေါ်လွင်ပြီး လှနေစေမယ့် ဘောင်းဘီရှည်ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီဖက်ရှင် outfits လေးတွေကိုတော့ လူငယ်ကောင်မလေးတွေက ပိုပြီးသဘောကျမှာပါ။
ဒီဖက်ရှင်လေးဆိုရင် အရမ်းလှသောပါပဲ။ ဘောင်းဘီက body အလှကို ပိုပေါ်လွင်စေတယ်။ တင်ကားကားလေးဖြစ်စေတယ်။ အင်္ကျီလေးကလည်း ကိုရီးယား cele လေးတွေဝတ်သလိုမျိုးလေးပါ။
ဒီလို bell pant jean လေးတွေက အခုနောက်ပိုင်းမှာ ပြန်လည်ခေတ်စားလာမှာပါ။ အဲ့ jean လေးတွေက body အလှပိုပေါ်လွင်စေပါတယ်။ ရင်ခံလေးတွေကို coat အတိုလေးတွေနဲ့သာ တွဲဝတ်ပါ။ ဖက်ရှင်ကျပြီးလှနေပါလိမ့်မယ်။
Bell pant jean အနက်ကိုမှ crop top tshirt လေးနဲ့တွဲဝတ်ပြီး jean coat လေးထပ်ဝတ်ထားတာ အရမ်းဖက်ရှင်ကျပြီး မိုက်နေတာပါ။ ဗိုက်ချပ်တဲ့ကောင်မလေးတွေဆိုရင် ဒီလိုဖက်ရှင်လေးတွေကို ဝတ်သင့်ပါတယ်။
ဗိုက်ပေါ်လေးတွေဝတ်ရတာကြိုက်ရင် ဒီလိုဖက်ရှင် outfit လေးတွေကို ရွေးချယ်ဝတ်ဆင်ပါ။ ကိုရီးယားမလေးတွေလိုပဲ အရမ်းကိုလှနေမှာပါ။
ပိန်ပိန်ပါးပါးလေးတွေက ဒီလိုဖက်ရှင်မျိုးကို ရွေးချယ်သင့်ပါတယ်။ အရမ်းဖက်ရှင်ကျပြီး body အလှလေးပေါ်လွင်နေစေမယ့် outfit မျိုးဖြစ်ပါတယ်။
ဒါလေးကတော့ ကိုရီးယားမလေးတွေ kdrama ထဲမှာ ရုံးတက်ရင်ဝတ်နေကျ ဖက်ရှင်မျိုးလေးပါ။ အရမ်းကိုစမတ်ကျပြီး လှနေတဲ့ outfit မျိုးဖြစ်ပါတယ်။
Vest sweater လေးတွေကို jean pant နဲ့ဝတ်မယ့်အစား ဒီလို pant လေးတွေနဲ့ တွဲဝတ်ပါ။ ပိုပြီးဖက်ရှင်ကျစေပါတယ်။
ဒီ outfit မျိုးဆိုလည်း ဝတ်လိုက်ရင် ဖက်ရှင်ကျပြီး အရမ်းမိုက်ပါတယ်။ ကိုယ့် body အလှလေးလည်း ပေါ်လွင်စေပါတယ်။
Freestyle ပဲကြိုက်တဲ့ကောင်မလေးတွေဆိုရင် ဒီလိုဖက်ရှင်လေးဝတ်လို့ရပါတယ်။ ဘယ်အချိန်ကြည့်ကြည့် အထာကျပြီး မိုက်နေမှာပါ။
Photo source:www.pinterest.com