အောက်ခံမိတ်ကပ် Foundation လိမ်းပြီးရင် မိတ်ကပ်သားမပျက်သွားအောင်၊ ပိုပြီးကြာရှည်ခံအောင်၊ အဆီပြန်တဲ့သူတွေအတွက်လည်း အဆင်ပြေအောင် အပေါ်ကနေ Powder Pact လေးတွေ ထပ်ပုတ်ပေးသင့်ပါတယ်။ ကိုရီးယား Powder Pact လေးတွေကျတော့ လိမ်းလိုက်ရင်လည်း ဖုံဖုံကြီးဖြစ်မသွားပဲ ပါးပါးသိပ်သိပ်လေးနဲ့ ကိုရီးယားမလေးတွေလို လှနေမှာပါ။ ဒါကြောင့် လူကြိုက်များပြီး သုံးလို့ကောင်းတဲ့ ကိုရီးယား Powder Pact လေးတချို့ကို အလှကြိုက်တဲ့ပျိုမေတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

Son & Park Flawless Pore Pact

သူကအဖြူရောင်လေးဖြစ်တာကြောင့် Highlight သုံးချင်တဲ့နေရာလေးတွေကို များများသုံးလို့လည်းရပါတယ်။ ချွေးပေါက်တွေကို ကောင်းကောင်းဖုံးပေးနိုင်ပြီး မျက်နှာလေး Glow နေမှာပါ။

EGLIPS Blur Powder Pact

စျေးသင့်ပြီးသုံးလို့အရမ်းကောင်းလို့ လူကြိုက်များပါတယ်။ ဘယ်လိုအသားအရေနဲ့မဆိုလည်း အဆင်ပြေတာကြောင့် နေ့စဉ်မိတ်ကပ်လိမ်းရမယ်ဆိုရင် ဒါလေးက အဆင်အပြေဆုံးပါပဲ။

Etude House Dear Girls Oil Control Pact

အဆီပြန်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ သူက အဆီပြန်တာကို ထိန်းချုပ်ပေးနိုင်ပြီး ချွေးပေါက်တွေကိုလည်း ကောင်းကောင်းဖုံးပေးနိုင်ပါတယ်။

Innisfree No Sebum Mineral Pact

အဆီပြန်တာကို ထိန်းချုပ်ပေးနိုင်ပြီး ချွေးပေါက်တွေကို ဖုံးပေးနိုင်တယ်၊ တော်ရုံ အမဲစက်တွေဆိုလည်း ဖုံးပေးနိုင်တာကြောင့် လူကြိုက်များပါတယ်။ စျေးလည်း သင့်ပါတယ်။

3CE Blur Sebum Powder Pact

စျေးနည်းနည်းကြီးပေမယ့် သုံးလို့ကောင်းလို့ လူကြိုက်များပါတယ်။ သူလည်း အဆီပြန်တာကို ထိန်းချုပ်ပေးပါတယ်။ အသားလေးလည်း ချောမွေ့စေတယ်။ မိတ်ကပ်သားလည်း ပိုပြီးလှသွားစေပါတယ်။

MISSHA Sebum-Cut Powder Pact

သူကတော့ အဆီပြန်တဲ့သူအတွက်ပဲကောင်းတာမဟုတ်ပါဘူး။ ဝက်ခြံထွက်တဲ့သူတွေအတွက်လည်း သုံးလို့ကောင်းပါတယ်။ သူလည်း အဆီပြန်တာကို ထိန်းချုပ်ပေးပါတယ်။