ရိုးရိုး foundation ထက်စာရင် cushion foundation က လိမ်းရတာ ပိုပြီးတော့လွယ်ပါတယ်။ အချိန်ကုန်လည်းသက်သာသလို၊ မိတ်ကပ်သားညက်ညက်လေးနဲ့ လှပါတယ်။ အသားအရေကောင်းတဲ့သူတွေနဲ့ဆိုရင် Glow ပြီးကို လှနေမှာပါ။ ဒါကြောင့် cushion သုံးချင်ပေမယ့် ဘာသုံးရမလဲမသိတဲ့သူတွေအတွက် မိန်းကလေးတော်တော်များများနဲ့ အဆင်ပြေတဲ့ ကိုရီးယား cushion foundation (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Heimish Artless Perfect Cushion

“Heimish Artless Perfect Cushion” ကတော့ လိမ်းထားရင် စိုစိုပြောင်ပြောင်လေးနဲ့ သဘာဝဆန်တဲ့ makeup look မျိုးရစေပါတယ်။ နေ့တိုင်းသုံးလို့အဆင်ပြေပြီး လိမ်းထားရင် ထူထူပြစ်ပြစ်ကြီးလည်း မဖြစ်ပါဘူး။ မိတ်ကပ်သားလည်း ကြာရှည်ခံပါတယ်။

Moonshot Micro Correctfit Cushion

“Moonshot Micro Correctfit Cushion” ကတော့ မိတ်ကပ်သားကြာရှည်ခံပြီး high coverage ရစေပါတယ်။ သူ့ formula က hydrating ကိုအဓိကထားပြီး ထုတ်ထားတာဖြစ်လို့ dry skin နဲ့ combination skin တွေအတွက် အရမ်းအဆင်ပြေပါတယ်။

April Skin Magic Snow Cushion

“ April Skin Magic Snow Cushion” ရဲ့ formula ကတော့ 45% water-based ဖြစ်လို့ လိမ်းလိုက်ရင် စိုစိုပြောင်ပြောင်လေးဖြစ်စေပါတယ်။ မိတ်ကပ်သားထူပြီး heavy ဖြစ်တဲ့ feeling မျိုး လုံးဝမဖြစ်စေပါဘူး။ လိမ်းရတာ ပေါ့ပေါ့ပါးပါးနဲ့ အရမ်းအဆင်ပြေပြီး နေ့တိုင်းသုံးလို့လည်း အဆင်ပြေပါတယ်။

COSRX Blemish Cover Cushion

“COSRX Blemish Cover Cushion” ကတော့ ဝက်ခြံရှိပြီး cushion သုံးချင်နေတဲ့ acne-prone skin တွေအတွက်တော့ အရမ်းအဆင်ပြေပါတယ်။ ဒါ့အပြင် အဆီပြန်တဲ့သူတွေက cushion သုံးလို့အဆင်မပြေပါဘူး။ ဒါပေမယ့် ဒီဟာကတော့ အဆီပြန်တဲ့ oily skin တွေအတွက်ပါ ထုတ်ပေးထားတာဖြစ်လို့ အရမ်းအဆင်ပြေပါတယ်။

Moonshot Micro Setting Fit Cushion

“Moonshot Micro Setting Fit Cushion” ကတော့ matte finish ကြိုက်တဲ့သူတွေအတွက် မိတ်ကပ်သားညက်ညက်လေးနဲ့ လှနေမယ့် cushion မျိုးပါ။ နာမည်ကြီး skincare guru Liah Yoo ကိုယ်တိုင် ညွှန်းပေးထားတဲ့ cushion လည်း ဖြစ်ပါတယ်။

source:www.nudieglow.com