မင်္ဂလာပါ… ပျိုမဒီတို့ရေ.. အပြင်ထွက်ပြီဆိုရင် နေရောင်နဲ့ ထိတွေ့ရတာက ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ဒါပေမယ့် ပူပြင်းတဲ့နေတွေမှာ အပြင်ထွက်ရင် နေလောင်ခံရတာက ရှောင်လွှဲလို့မရပါဘူး။ နေ့လယ်ပိုင်းအချိန်လောက်မှက နေရောင်ခြည် အပြင်းထန်ဆုံးဖြစ်တာမလို့ နေ့ဘက်မှာ အပြင်ထွက်တာကို ရှောင်သင့်ပါတယ်။

မဖြစ်မနေထွက်ရမယ်ဆိုရင်တော့ အသားအရေကို နေလောင်ဒဏ်ကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်တဲ့ SPF 30 နဲ့ အထက်ရှိတဲ့ Sunscreen သုံးပေးပါ ။ အပြင်ထွက်ရတာများလို့ နေလောင်ဒဏ်ခံရပြီဆိုရင်လည်း စိတ်မညစ်ပါနဲ့။ နေလောင်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးတွေကို အိမ်မှာလုပ်ကြည့်ပါ။

ရေခဲ

နေလောင်တဲ့အခါ ရေခဲ ဒါမှမဟုတ် အအေးခံထားတဲ့ ရေအေးကို သုံးပြီးသက်သာအောင်လုပ်လို့ရပါတယ်။ ရေခဲကို အသားအရေပေါ် တိုက်ရိုက်မတင်ဘဲ သန့်တဲ့အဝတ်နဲ့ပတ်ပြီး ကပ်ပေးပါ။ နေလောင်တာမများဘူးဆိုရင် ရေနွေးနွေးလေးနဲ့ချိုးပေးပါ။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ရဲ့ ဂျယ်လ်ကိုထုတ်ပြီး နေလောင်တဲ့နေရာကို တိုက်ရိုက်လိမ်းပေးပါ။ ချက်ချင်းသက်သာပျောက်ကင်းစေပြီး အနာကျက်မြန်စေပါတယ်။

ပျားရည်

ပျားရည်မှာ နေလောင်တာကြောင့် ပျက်စီးသွားတဲ့ တစ်သျှူးတွေကို ပြန်လည်ပြုပြင်ဖို့ လိုအပ်တဲ့ အခြေခံအာဟာရဓာတ်တွေ ပါဝင်တာကြောင့် နေလောင်ဒဏ်ကို ကုသပေးပြီး အသားအရေကို အစိုဓာတ်ဖြည့်ပေးပါတယ်။

Green Tea

Green Tea မှာ Tannic Acid နဲ့ Theobromine ပါ၀င်တာမလို့ နေလောင်တဲ့နေရာကိုလိမ်းပေးရင် ပျက်စီးနေတဲ့အသားအရေကို သက်သာပျောက်ကင်းစေပြီး နာကျင်မှုကို သက်သာပျောက်ကင်းစေပါတယ်။

အုန်းဆီ

အုန်းဆီကို နေလောင်ထားတဲ့နေရာကို လိမ်းပေးရင် အုန်းဆီမှာပါတဲ့အဆီက နေလောင်နေတဲ့ အသားအရေကို နူးညံ့ပျော့ပျောင်းစေပါတယ်။

ရှာလကာရည်

ရှာလကာရည်မှာပါတဲ့ acetic acid ဟာ နေလောင်ခြင်းကြောင့်ဖြစ်တဲ့ နာကျင်ခြင်း၊ ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို လျော့ပါးသက်သာစေတာမလို့ နေလောင်တာအတွက်ဆို ရှာလကာရည်ကိုလည်း သုံးလို့ရပါသေးတယ်။

Apple Cider Vinegar

Apple Cider Vinegar နဲ့ ရေချိုးပေးရင် နေလောင်တာကြောင့်ဖြစ်တဲ့ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနဲ့ ယားယံခြင်းတွေကို သက်သာစေနိုင်ပါတယ်။