ဒီနေ့မှာတော့ MyStyle Myanmarက အလှမဒီလေးတွေအတွက် အသားအရေလေး ကြည်တောက်စိုပြေလှပလာစေဖို့ ငွေကုန်ကြေးကျသိပ်မများပဲ သဘာဝသစ်သီးလေးတွေနဲ့ မျက်နှာပေါင်းတင်လို့ရတဲ့ နည်းလမ်းလေးတွေကို လက်တို့ပါရစေနော်။ ကဲ.. ဘယ်လိုသဘာဝသစ်သီးလေးတွေက ပျိုမေလေးတွေရဲ့အလှကို ပိုမိုပြည့်စုံသွားဖို့ အထောက်အကူဖြစ်စေသလဲဆိုတာ အတူတူကြည့်လိုက်ရအောင်..

သံပယိုသီး

သံပယိုသီးက ဗီတာမင်စီအပြည့်အဝပေးနိုင်တာကြောင့် မျက်နှာပေါင်းတင်ရင် သံပယိုသီး ကိုထည့်ပြီး ပေါင်းတင်ကြည့်ပါ။ မျက်နှာအသားအရေကြည်ပြီး Bright ဖြစ်လာစေပါတယ်။

ထောပတ်သီး

ထောပတ်သီးနဲ့မျက်နှာပေါင်းတင်တာက Anti aging အတွက် အရမ်းကောင်းပါတယ်။ ဒါ့အပြင် မျက်နှာအသားအရေကို ရေဓာတ်ပေးပြီး နူးညံ့လာစေပါတယ်။

သခွားသီး

သခွားသီးနဲ့ မျက်နှာပေါင်းတင်လို့ရတာ အားလုံးလည်းသိမှာပါ။ သခွားသီးနဲ့ပေါင်းတင်ရင် အသားအေးစေတယ်။ တစ်နေကုန်နေပူထဲသွားပြီး ပြန်လာတဲ့အခါ သခွားသီးကို မျက်နှာတစ်ပြင်လုံးကပ်ပြီးသာ ပေါင်းတင်ထားလိုက်မယ်ဆိုရင် နေလောင်ထားတာတွေသက်သာသွားပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးကိုချေပြီး မျက်နှာပေါင်းတင်ပေးရင်တော့ အသားအရေနူးညံ့ချောမွတ်လာစေပါတယ်။

သင်္ဘောသီး

သင်္ဘောသီးကိုချေပြီး မျက်နှာပေါင်းတင်ပေးရင် ဝက်ခြံတွေ သက်သာလာစေတယ်။ မျက်နှာအသားအရေလည်း ပိုကောင်းပြီး ပုံမှန်လေးပေါင်းတင်ပေးပြီး အသားကြည်လာစေပါတယ်။

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးနဲ့မျက်နှာပေါင်းတင်တာကတော့ အဆီပြန်တဲ့သူတွေနဲ့ ဝက်ခြံထွက်တဲ့သူတွေအတွက် အရမ်းကောင်းပါတယ်။ မျက်နှာအသားအရေလည်း ကြည်လာစေပါတယ်။

Source: Brightside