ဆံပင်ပျက်စီးရခြင်း အကြောင်းအရင်းက အမျိုးမျိုး ရှိပါတယ်။ ဦးထုပ်တို့ ထီးတို့ မပါဘဲ နေပူထဲ အပြင်ထွက်တဲ့အခါ နေလောင်ဒဏ်ကြောင့် ဆံပင်ပျက်စီးတတ်သလို ဖုန်မှုန့်နဲ့ အညစ်အကြေးများ ဓာတုပစ္စည်းတွေ ပါဝင်တဲ့ ခေါင်းလျှော်ရည်နဲ့ ဆိုးဆေးများ အသုံးပြုခြင်းတို့ကြောင့်လည်း ဆံကေသာ ပျက်စီးသွားတတ်ပါတယ်။

ဒီလိုဆံကေသာပျက်စီးသွားတဲ့အခါ ဓာတုပစ္စည်းတွေပါဝင်တဲ့ ဆံပင်ပျော့ဆေးတွေ ပြန်လည်အသုံးပြုရင်းနဲ့ လုံးလည်ပတ်ချာလိုက်နေတော့တာပါပဲ။ ဒါကြောင့် သဘာဝနည်းလေးတွေကို အသုံးပြုပြီး ဆံနွယ်လေးတွေ ထူထဲပျော့စင်းပြီး လှပလာအောင် ထိန်းသိမ်းလိုက်ရအောင်…

သံလွင်ဆီ

သဘာဝ သံလွင်ဆီစစ်စစ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ နှင်းဆီရေ လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ခေါင်းလျှော်ပြီးတဲ့အခါ ထိုသံလွင်ဆီ ပျော့ဆေးလေးကို ဆံကေသာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့်ကြာမှ ရေဆေးချလိုက်ပါ။

အုန်းရည်

အုန်းရည် စားပွဲတင်ဇွန်း ၄ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဗီတာမင်အီးအတောင့် ၁ တောင့်၊ နှင်းဆီရေ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ဂလက်စရင်း အလှဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဆံကေသာနဲ့ ဦးရေပြားအနှံ့ သုတ်လိမ်းပေးလိုက်ပါ။ သင့်ရဲ့ ဆံပင်ကို ပလစ်စတစ်ခေါင်းဆောင်းလေးနဲ့ အုပ်ထားပေးလိုက်ပါ။ ဒီလိုအုပ်ထားပေးခြင်းက ပတ်ဝန်းကျင်နွေးနွေးလေးကို ဖန်တီးပေးတာကြောင့် အစိုဓာတ်နဲ့ အာဟာရဓာတ်တို့ကို သင့်ဆံကေသာက စုပ်ယူပေးနိုင်မှာပဲဖြစ်ပါတယ်။ ၁၅ မိနစ်ခန့်ကြာမှ ရေနွေးနွေးလေး (သို့မဟုတ်) ရေအေး အသုံးပြုပြီး ရေဆေးချလိုက်ပါ။

ရှားစောင်းလက်ပတ်

သံပုယိုသီး တစ်လုံး၊ ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇွန်း ၄ ဇွန်း၊ ပက်ပါမင့်အဆီ ၅ စက်ခန့်တို့ လိုအပ်ပါလိမ့်မယ်။ သံပုယိုသီးကို အရည်ညှစ်ထားလိုက်ပါ။ ထို့နောက် ပါဝင်ပစ္စည်းများအားလုံးကို သမအောင် ရောမွှေလိုက်ပါ။ ပြီးရင် မိမိလျှော်နေကျ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်ပါ။ ပြီးမှ စောစောက ရောမွှေထားသောပေါင်းဆေးကို စိုနေတဲ့ဆံပင်ပေါ် သုတ်လိမ်းလိုက်ပါ။ ၅ မိနစ်ခန့်ကြာမှ ကြက်သီးနွေးရေနွေး (သို့မဟုတ်) ရေအေးအေးလေးနဲ့ ရေဆေးချလိုက်ပါ။

ကြက်ဥအနှစ်နဲ့ ပေါင်းတင်ပါ

ကြက်ဥအနှစ် နှစ်လုံးကို ခပ်ပြင်းပြင်းလေး မွှေခလောက်လိုက်ပါ။ မိမိလျှော်နေကျခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပြီးနောက် ကြက်ဥအနှစ်များကို ဆံကေသာပေါ် သုတ်လိမ်းလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာမှ ရေအေးအေးလေးနဲ့ ခေါင်းလျှော်ချလိုက်ပါ။

အခုဖော်ပြခဲ့တဲ့ နည်းလမ်းလေးတွေထဲက ပျိုမေတို့ ကြိုက်နှစ်သက်ရာ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်နော်။

Source: stylecraze.com