မျက်နှာအသားအရေက dry skin မဟုတ်ပဲနဲ့ မျက်လုံးနားတစ်ဝိုက်မှာပဲ အသားခြောက်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမျက်လုံးနားတစ်ဝိုက်က ခြောက်သွေ့နေရင် အရေးအကြောင်းတွေပိုဖြစ်စေပြီး မျက်ကွင်းပိုညိုစေပါတယ်။ ဒါကြောင့် ဒီလို မျက်လုံးနားတစ်ဝိုက်မှာ အသားခြောက်နေတာကို သက်သာစေမယ့် သဘာဝနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

ရှားစောင်းလက်ပတ်အပင်ကရတဲ့ ဂျယ်လ်ကို စားပွဲတင်ဇွန်း ၁ ဇွန်းစာယူပြီး ချေပေးပါ။ ပြီးရင် မျက်လုံးအောက်နားတစ်ဝိုက်မှာ သေချာ Massage လုပ်ပြီး လိမ်းပေးပါ။ ညအိပ်ခါနီးမှလိမ်းပြီး တစ်ညထားပါ။ မနက်ရောက်မှ မျက်နှာသစ်လိုက်ပါ။ ညတိုင်းလုပ်ပေးမယ်ဆိုရင်တော့ အသားခြောက်တာ သက်သာလာပါလိမ့်မယ်။

Vitamin E Oil

Vitamin E capsule ၂ လုံးကိုဖောက်ပြီး အသားခြောက်နေတဲ့ မျက်လုံးနားတစ်ဝိုက်ကို လိမ်းပေးပါ။ အရမ်းပွတ်လိမ်းတာမျိုး မလုပ်ရပါဘူး။ သူ့ကိုလည်း ညအိပ်ခါနီးလိမ်းပြီး မနက်ရောက်မှ မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်လည်း ညတိုင်းလုပ်ပေးမှ သိသာတဲ့ result ကို ရရှိမှာပါ။ သူက အသားခြောက်တာတင်မဟုတ်ပဲ မျက်ကွင်းညိုတာနဲ့ အရေးအကြောင်းတွေကိုပါ သက်သာစေပါတယ်။

Green Tea Bags

Green Tea Bag ၂ ထုပ်ကို ရေနွေးပူခွက်ထဲထည့်ပြီး မိနစ်အနည်းငယ်စိမ်းထားပါ။ ပြီးရင် Green Tea Bag ကိုအပြင်ထုတ်ပြီး အေးအောင်ထားလိုက်ပါ။ အေးသွားပြီဆိုမှ မျက်ခွံပေါ်တင်ထားပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင် Green Tea Bag တွေကိုဖယ်ပြီး spray ဘူးထဲ ရေအေးထည့်ကာ မျက်လုံးကိုဖြန်းပေးပါ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်တော့ ညအိပ်ယာဝင်ခါနီးတိုင်း နေ့တိုင်းလုပ်ရပါမယ်။

ထောပတ်အဆီ (Avocado Oil)

ထောပတ်အဆီ (Avocado Oil) ကိုနည်းနည်းယူပြီး မျက်လုံးနားတစ်ဝိုက် အသားခြောက်တဲ့နေရာမှာ လိမ်းပေးပြီး လက်ချောင်းလေးတွေနဲ့ Massage လုပ်ပေးပါ။ ဒီနည်းလမ်းကလည်း ညအိပ်ယာဝင်ခါနီးလုပ်ပြီး မနက်ရောင်မှ မျက်နှာသစ်ရမှာပါ။

ထောပတ်အဆီ (Avocado Oil) မရှိရင် ထောပတ်သီးအတွင်းသားနဲ့ လုပ်လို့ရပါတယ်။ လုပ်ရမယ့်ပုံစံကတော့ ထောပတ်သီးအတွင်းအသားကိုချေပြီး မျက်လုံးနားတစ်ဝိုက်မှာ လိမ်းထားလိုက်ပါ။ မိနစ် ၂၀ ကြာမှ wet tissue နဲ့ ဖြေးဖြေးချင်းစီသုတ်ပါ။ ပြောင်သွားပြီဆိုမှ ရေကြက်သီးနွေးလေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။

source:www.blushin.com