အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ခေတ်မှာ ဆံပင်ပါးလို့ စိတ်ညစ်နေရသူတွေက လက်ညိုးထိုးမလွဲပါဘူးနော်။ ဆံပင်ပါးရခြင်းအကြောင်းအရင်းက တစ်ယောက်နဲ့တစ်ယောက်ပေါ်မူတည်ပြီး အမျိုးမျိုးရှိနိုင်ပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့်သော်လည်းကောင်း၊ အသက်အရွယ်ကြီးရင့်လာခြင်းကြောင့်သော်လည်းကောင်း၊ မျိုးရိုးဗီဇအရကြောင့်သော်လည်းကောင်း၊ မှီဝဲသောက်သုံးနေရသော ဆေးဝါးများကြောင့်သော်လည်းကောင်း ဆံပင်များ တဖြည်းဖြည်းကျွတ်လာပြီး ပါးလာတတ်ပါတယ်။

ဆံပင်ကျွတ်လွန်းလို့လည်း ဆံပင်အတွက် အားဖြစ်စေမယ့် ခေါင်းလျှော်ရည်တွေ၊ ပေါင်းဆေးတွေ၊ ခေါင်းလိမ်းဆီတွေ၊ ဆေးတွေ စသဖြင့် အများကြီး ပိုက်ဆံသုံးပြီး ကြိုးစားနေကြတာပါပဲ။ ဒါပေမယ့်လည်း အများစုအတွက်က အကျိုးမထူးပါဘူးနော်။

နောက်ဆုံး တခြားနည်းလမ်းတွေက မရရင်တော့ ကိုယ်ဆံပင်ပါးတာကို လူမြင်ကွင်းမှာ သိပ်ပြီးမသိသာစေဖို့ ကိုယ်နဲ့လိုက်ဖက်ပြီး ကြည့်လို့လည်းကောင်းတဲ့ ဆံပင်စတိုင်လ်တွေကို ရွေးချယ်ညှပ်ဖို့ပါပဲ။

ဒီလိုမျိုး ဆံပင်ပါးလို့ စိတ်ညစ်နေရတဲ့သူများအတွက် ဆံပင်အုံထူသယောင်ဖြစ်စေမယ့် ဆံပင်စတိုင်လ်တချို့ကို ဝေမျှပေးချင်ပါတယ်။

Image Source: Pinterest