ဆံသားကျန်းမာသန်စွမ်းစေဖို့အတွက် အကောင်းဆုံး protein treatment တွေကို မျှဝေပေးလိုက်ပါတယ်။ ဒီတိုင်းခေါင်းလျှော်ပြီး conditioner သုံးတာမျိုးလောက်ပဲ မလုပ်ပါနဲ့။ တစ်ပတ်တစ်ခါလောက်လည်း ဆံပင်ပေါင်းတင်တာ၊ သဘာဝနည်းလမ်းနဲ့ treatment လုပ်တာမျိုးတွေကို ပုံမှန်လုပ်ပေးသင့်ပါတယ်။

အုန်းနို့

အုန်းနို့ – စားပွဲတင်ဇွန်း ၃ ဇွန်းကို အပူပေးပြီး နွေးလာပြီဆိုရင် ဦးရေပြားကိုလိမ်းပြီး massage လုပ်နှိပ်နယ်ပေးပါ။ ပြီးရင် towel or a shower နဲ့ ၂ နာရီလောက် အုပ်ထားပါ။ ပြီးမှ ခေါင်းလျှော်ချပါ။ Argan oil ပါတဲ့ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးရင်တော့ ပိုကောင်းပါတယ်။ ဆံသားပျော့ပြီး ဆံပင်ဖွာတာတွေလည်း သက်သာသွားစေပါတယ်။

ဒီ treatment ကို တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ် ပုံမှန်လုပ်ပေးနိုင်ပါတယ်။

ငှက်ပျောသီးနဲ့ထောပတ်သီး

ငှက်ပျောသီးအမှည့်နဲ့ ထောပတ်သီးအမှည့်ကို စားပွဲတင်ဇွန်း ၃ ဇွန်းစာစီယူပြီး ကိုယ်ကြိုက်နှစ်သက်ရာ အုန်းဆီ (သို့) သံလွင်ဆီနဲ့ ပျစ်ပျစ်လေးဖြစ်အောင် ရောခလောက်မွှေလိုက်ပါ။ ပြီးရင်တော့ ဆံပင်အရင်းကနေ အဖျားအထိ သေချာလိမ်းပြီး မိနစ် ၃၀ ထားပါ။ ပြီးမှ ခေါင်းလျှော်ချပါ။

ဒီ treatment ကိုတော့ တစ်ပတ်မှာ တစ်ကြိမ်ပဲ ပုံမှန်လုပ်ပေးပါ။

Almond oil

Oil massage တွေ လုပ်ရတာကို ကြိုက်တယ်ဆိုရင်တော့ almond oil ကိုသုံးပါ။ ဦးရေပြားကနေ ဆံပင်အဖျားအထိ almond oil လိမ်းပေးပြီး မိနစ် ၂၀ ကြာမှ ခေါင်းလျှော်ပါ။ ထားတဲ့အချိန်အတွင်းမှာလည်း လက်ချောင်းလေးတွေနဲ့ ဦးရေပြားကို massage လုပ်နှိပ်နယ်ပေးပါ။

ဒီ treatment က ဆံသားခြောက်တာ သက်သာစေပြီး ဆံသားတောက်ပြောင်စေတယ်၊ ဆံသားသန်စွမ်းစေတယ်၊ ဦးရေပြား သွေးစီးဆင်းမှု ကောင်းမွန်စေပါတယ်။

ဒီ treatment ကို လုပ်မယ်ဆိုရင် တစ်ပတ်မှာ တစ်ကြိမ် (သို့) နှစ်ကြိမ် လုပ်ပေးလို့ရပါတယ်။