မင်္ဂလာပါ ပျိုမေတို့ရေ။ လူတစ်ယောက်နဲ့တစ်ယောက် အသားအရောင်ကွာခြားတာမို့ သင်အနေနဲ့ ဆံပင်အရောင်ဆိုးတော့မယ်ဆိုရင် ကိုယ့် Skin Tone ပေါ်မူတည်ပြီးရွေးချယ်ပေးတာက မျက်နှာလေးပိုလင်းပြီး ထင်းသွားအောင် ကူညီပေးမှာပါ။ သင်ကလက်ရှိမှာ ကိုယ့်ရဲ့ Skin Tone ကာလာကို သေချာမသိသေးဘူးဆိုရင် လက်ကောက်ဝတ်အရောင်ကိုကြည့်ပြီးဆုံးဖြတ်တာ၊ မျက်လုံးအရောင်ကတစ်ဆင့် ခန့်မှန်းတာမျိုး လုပ်နိုင်သလို ကိုယ်အသားအရောင်နဲ့ဆင်တဲ့ Celebrity တွေကိုကြည့်ရင်းနဲ့လည်း မှန်းကြည့်နိုင်ပါတယ်နော်။ ဒီလိုမျိုး ကိုယ့် Skin Tone ကိုခန့်မှန်းနိုင်ပြီဆိုရင်တော့ အသားအရောင်အလိုက် ရွေးသင့်တဲ့ ဆံပင်ကာလာလေးတွေကို ကြည့်လိုက်ရအောင်။

အသားညိုသူတွေ

အသားညိုပြီး Cool Tone ရှိတဲ့သူတွေကတော့ အညို၊ အနက်၊ နီညိုနဲ့ အနီခပ်မှိုင်းမှိုင်းအရောင်လေးတွေနဲ့ လိုက်ဖက်လေ့ရှိပြီး ညိုညက်ညက်အသားအရေကိုမှ ဝါတဲ့ဘက်သွားတဲ့ Warm Tone တွေကတော့ ညိုဖျော့ဖျော့အရောင်လေးတွေနဲ့ လိုက်ဖက်နေတတ်ပါတယ်။ Netural Tone ရှိသူတွေကတော့ အနီနဲ့အညိုဖောက်တဲ့အရောင်လေးတွေ ဆိုးကြည့်တာမမှားပါဘူး။


အသားလတ်သူတွေ

အသားလတ်ပြီး Warm Tone အခံရှိသူတွေဟာ နီညိုရောင်ရင့်ရင့်၊ ကော်ဖီရောင်၊ ချောကလတ်ရောင်စတဲ့ အရောင်ငြိမ်ငြိမ်လေးတွေနဲ့ လိုက်ဖက်တာများပါတယ်။ Cool Tone သမားတွေကတော့ ရွှေဝါရောင်၊ မဟော်ဂနီနဲ့ အညိုအဖျော့လေးတွေ ဆိုးကြည့်နိုင်ပါတယ်နော်။ အသားလတ်တဲ့ Netural Tone သမားတွေကတော့ သဘာဝအနက်ရောင်လေးနဲ့လည်းလိုက်သလို ခဲရောင်၊ ခဲပြာရောင်လေးတွေနဲ့ဆိုလည်း တစ်မျိုးထူးခြားနေမှာပါ။


အသားဖြူသူတွေ

အသားဖြူသူတွေက အရောင်တိုင်းလိုလိုနဲ့လိုက်ဖက်သလို Crazy တောက်တောက်လေးတွေနဲ့ပါ လှတာမို့ တစ်ခါလောက်ဆိုးကြည့်တာ မမှားပါဘူးနော်။ Warm Tone ရှိသူတွေအနေနဲ့ ငွေရောင်၊ Ash ၊ ပလက်တီနမ်၊ ဝါညိုနုရောင်နဲ့ ဝိုင်ကာလာလေးတွေ ဆိုးကြည့်ပါ။ အသားဖြူပြီး Cool Tone ရှိသူတွေကတော့ ရွှေရောင်လေးအသားပေးပြီး Blonde ၊ ရွှေအိုရောင်၊ ညိုဖျော့ဖျော့အရောင်လေးတွေနဲ့ လိုက်ဖက်နေမှာပါ။ Neutral Tone ရှိသူတွေကတော့ အခုခေတ်စားနေတဲ့ ကြေးနီရောင်၊ ပန်းရောင်ဖျော့ဖျော့လေးတွေနဲ့ လိမ္မော်ရောင်စတဲ့ ကာလာအတောက်ဘက်သွားတာလေးတွေ စမ်းကြည့်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar