မင်္ဂလာပါ။ ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ အမြဲအမှတ်ရနေမယ့် အမှတ်တရကောင်းလေးတစ်ခု ဖန်တီးချင်တယ်ဆိုရင်တော့ တက်တူးလေးတွေ ထိုးကြည့်တာ မမှားပါဘူးနော်။ သင်တို့ကြားက ခင်မင်မှုကို ကိုယ်စားပြုတဲ့ Friendship တက်တူးလေး ထိုးထားတာက လူချင်းဝေးနေရင်တောင် ကိုယ့်မှာရှိတဲ့ တက်တူးလေးကို မြင်လိုက်ရုံနဲ့ အချင်းချင်း အမြဲအမှတ်ရနေစေမှာပါ။


ဒါကြောင့် ဒီတစ်ခေါက်မှာ သူငယ်ချင်းတွေနဲ့ အမှတ်တရ တက်တူးထိုးဖို့ စဉ်းစားနေသူတွေအတွက် အတူထိုးလို့လှမယ့် ချစ်စရာတက်တူးဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အသေးလေးတွေမို့ ထိုးလို့လွယ်သလို ပေါင်းစပ်ထားတဲ့ အဓိပ္ပာယ်ပါတဲ့ သင်္ကေတလေးတွေဖြစ်လို့ သင်တို့ကြား လုံးဝအမှတ်တရ ဖြစ်စေမှာပါ။ ဒီတော့ သင်အကြိုက်တွေ့မယ့် ဒီဇိုင်းလေးတွေပါမလား စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

အပင်ပုံစံလေး


လူငယ်ဆန်ဆန် အရောင်ပါတဲ့ ဆင်တူသင်္ကေတလေး


ဟာသဆန်ဆန်ထိုးချင်သူတွေအတွက် ဘဲကာတွန်းရုပ်လေး


အတောင်ပုံစံ ဆင်တူတက်တူးလေး


လက်ကောက်ဝတ်ပေါ်က အသည်းပုံသေးသေးလေးတွေ


လက်ချောင်းလေးတွေပေါ်မှာ ထိုးလို့လှတဲ့ Smiley တက်တူးလေး


သူငယ်ချင်းသုံးယောက်အတူထိုးနိုင်မယ့် ကာတွန်းဒီဇိုင်းလေး


ရှင်းရှင်းလေးနဲ့ အမှတ်တရဖြစ်မယ့် လခြမ်းပုံစံလေး


ချစ်စရာကောင်းတဲ့ တိမ်ပုံလေးတွေ


သေးသေးလေးနဲ့ထင်းနေမယ့် လက်ချောင်းပေါ်က အရောင်ပါတဲ့ ကြယ်လေးတွေ


Foodie သူငယ်ချင်းတွေအတွက် အစားအသောက်ဒီဇိုင်းလေးတွေ


နေနဲ့လလို ယှဉ်တွဲနေမယ့် သင်္ကေတလေး


အတူခရီးသွားရတာကြိုက်သူတို့အတွက် လေယာဉ်ပျံပုံစံလေး

Photo Source: Pinterest

By MyStyle Myanmar