အထာကျကျနဲ့ မိမိုက်နေတာမျိုးလေးတွေ ဝတ်ရတာကိုကြိုက်တဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ Foreigner မလေးတွေရဲ့ အထာကျပြီးမိုက်နေတဲ့ ဖက်ရှင် outfits တွေကို မျှဝေပေးလိုက်ပါတယ်။
ဂျင်းဘောင်းဘီအတိုကို အခုနောက်ပိုင်းမှာ ဒီလိုဒီဇိုင်းလေးက ပြန်ပြီးခေတ်စားလာပါတယ်။ ဒီဂျင်းဘောင်းဘီလေးတွေကို ဝတ်တဲ့အခါမှာ အထာကျတဲ့အင်္ကျီအနက်ရောင်တွေနဲ့ တွဲဝတ်ပြီး boots လေးတွေစီးတာက အရမ်းမိုက်ပြီး အထာကျတဲ့ဖက်ရှင်မျိုး ဖြစ်စေပါတယ်။
ဆွယ်တာအပွတွေ၊ hoodie အပွတွေကို အောက်ကနေ ရှပ်အင်္ကျီအဖြူခံဝတ်တာမျိုးကလည်း အရမ်းခေတ်စားနေတဲ့ ဖက်ရှင်ပါ။ ဒါပေမယ့် တော်တော်များများက စကပ်လေးတွေ၊ ဘောင်းဘီတိုတွေနဲ့ ဝတ်ကြတာများပါတယ်။ ဒီမှာတော့ pant အကျပ်လေးနဲ့ တွဲဝတ်ပြထားတာကြောင့် သူများနဲ့မတူပဲ ဖက်ရှင်ကျပြီး မိုက်နေစေပါတယ်။
ဂျင်းအပွတွေကို အောက်နားနည်းနည်းခေါက်ပြီး ရှပ်အင်္ကျီအတို အပွတွေနဲ့ တွဲဝတ်ကြည့်ပါ။ ပြီးရင်တော့ ဒေါက်ဖိနပ်အမြင့်ကြီးသာ စီးလိုက်မယ်ဆိုရင် လုံးဝကိုအထာကျပြီး မိုက်နေမှာပါ။
ဂျင်းကိုမှ bell pant တွေကလည်း အခုနောက်ပိုင်းမှာ ပြန်လည်ခေတ်စားလာပါတယ်။ bell pant တွေကိုဝတ်ရင် ဒီလိုအင်္ကျီမျိုးနဲ့တွဲဝတ်တာက ပိုပြီးမိုက်ပါတယ်။ ဒေါက်ဖိနပ်သာစီးလိုက်ရင်တော့ perfect ပါပဲ။
ဒီဖက်ရှင်ဆိုရင်လည်း ၂၀၂၁ မှာ အရမ်းခေတ်စားနေတဲ့ ဖက်ရှင်မျိုးပါ။ စကပ်ဝတ်ထားပေမယ့် မိန်းကလေးမဆန်ပဲ အထာကျပြီးမိုက်နေတဲ့ပုံစံမျိုးလေးပါ။
ရှပ်အင်္ကျီအဖြူရောင်အပွတွေကို ဂျင်းအတိုနဲ့တွဲဝတ်ပြီး sneakers အဖြူလေးစီးတာကတော့ ဘယ်တော့မှရိုးမသွားပဲ မိုက်နေစေတဲ့ ဖက်ရှင်ပါ။ ဒီလိုဦးထုပ်လေးပါဆောင်းရင်တော့ ပိုပြီးဖက်ရှင်ကျစေပါတယ်။
ဒီစကပ်လေးဆိုရင် အခုနောက်ပိုင်း လူငယ်ကောင်မလေးတွေကြားမှာ အရမ်းကိုရေပန်းစားနေတာပါ။ အဲ့စကပ်လေးကိုဝတ်တဲ့အခါ ဒီလိုဖက်ရှင်မျိုးလေးနဲ့ဝတ်ကြည့်ပါ။ အရမ်းမိုက်ပြီး ဆွဲဆောင်မှုရှိစေပါတယ်။
ဒီလိုဘောင်းဘီအဖြူနဲ့ ကြိုးတစ်လုံးအဖြူလေးကို တွဲဝတ်ပြီး sneakers အဖြူလေးစီးတာက ချစ်ဖို့ကောင်းတဲ့ဖက်ရှင်မျိုးပါ။ အပေါ်ကနေ ခပ်မိုက်မိုက် coat လေး ထပ်ဝတ်လိုက်မယ်ဆိုရင်တော့ အထာကျပြီး မိုက်နေမှာပါ။
photo source:www.pinterest.com