အသားအရေမွဲခြောက်ခြောက်နဲ့ စိုစိုပြေပြေမရှိတာ အတော်ကြည့်ရဆိုးပါတယ်။ အသားအရေအစိုဓါတ် ခြောက်ခမ်းခြင်းဟာ အရေပြားအောက် ဂလင်းတွေကနေ Sebum တွေ ပိုထုတ်ပါတယ်။ Sebum ပိုလျှံမှုနဲ့ Dead Skin တွေ ပေါင်းပြီး ဝက်ခြံဖြစ်လာနိုင်ပါတယ်။ ဒီနည်းနဲ့ အသားအရေခြောက်တတ်သူတွေမှာ ဝက်ခြံဖြစ်လာကြတာပါ။

အခုလို ဆောင်းမှာ အသားခြောက်သူတွေ ပိုပြီး အစိုဓါတ်ခမ်းတဲ့ပြဿနာကို ဆိုးဆိုးဝါးဝါး ခံစားရတတ်ပါတယ်။ အရေပြားဆိုတာ လူ့ကိုယ်ခန္ဓာကိုယ်ကို အကြီးဆုံး လွှမ်းခြုံထားတဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲကို ရောဂါဘယတွေ မဝင်အောင် ခြုံပြီး ကာကွယ်ထားတဲ့နေရာမှာ အရေပြားရဲ့ အလုပ်က အတော်လေး တာသွားတာ ဖြစ်လို့ အရေပြားကျန်းမာရေးအတွက် အသားခြောက်တတ်သူတွေ စားပေးသင့်တဲ့ အစားအစာတချို့ကို ညွှန်းပေးချင်ပါတယ်။

(၁) ကျန်းမာရေးနဲ့ညီတဲ့ အဆီတွေ

Avocado

Photo: Freepik

ကျန်းမာတဲ့ အရေပြားအတွက် မျှတညီညွတ်တဲ့ အဆီစားပေးဖို့ လိုပါတယ်။ စားသင့်တဲ့ အစားအစာတွေက အစေ့အဆံနဲ့ အခွံမာသီးတွေ ဖြစ်ပါတယ်။ ထောပတ်သီး ၊ Omega-3 ဆီ ကြွယ်ဝတဲ့ Fatty Fish များ လည်း စားပေးသင့်ပါတယ်။

(၂) ပရိုတိန်းများ

Photo: Freepik

ပရိုတိန်းတွေက အမိုင်နိုအက်ဆစ်နဲ့ ဖွဲ့စည်းထားတာပါ။ ဆဲလ်တစ်ခုချင်းစီနဲ့ ကိုယ်ခန္ဓာတစ်သျှူးတွေ ဖွဲ့စည်းနိုင်ဖို့ ပရိုတိန်းလိုပါတယ်။အသားအရေဖွဲ့စည်းမှုဟာ ကော်လာဂျင်နဲ့ ကီရာတင်ပရိုတိန်းတွေနဲ့ လုပ်ဆောင်တာ ဖြစ်လို့ ပရိုတိန်းလည်း စားပေးရမှာ ဖြစ်ပါတယ်။ ပရိုတိန်းအတွက် အကောင်းဆုံးနဲ့ ကုန်ကျစရိတ်အသက်သာဆုံး စားစရာတစ်ခုက ကြက်ဥဖြစ်ပါတယ်။ ကြက်ဥမှာ အသားအရေစိုထိန်းမှုနဲ့ တင်းရင်းမှုကို ကူညီပေးနိုင်တဲ့ Sulphur နဲ့ Lutein တို့လည်း ပါဝင်ပါတယ်။ ပဲနို့ ၊ နွားနို့နဲ့ ဒိန်ချဉ်တွေလည်း စားပေးနိုင်ပါတယ်။

(၃) ဗိုက်တာမင် စီ

omatoes and slices with knife on a wooden cutting board

Photo: Freepik

ဗိုက်တာမင် စီဟာ ကိုလာဂျင်ပုံစံထိန်းသိမ်းဖို့အတွက် အရေးကြီးတဲ့ အထောက်အကူပြုပစ္စည်း ဖြစ်ပါတယ်။ အချဉ်ဓါတ်ပါတဲ့ သစ်သီးတွေဟာ ဗိုက်တာမင်စီ ကြွယ်ဝပါတယ်။ ဆောင်းရာသီမှာဆို လိမ္မော်သီးတို့ ၊သံပယိုတို့ စားပေးသင့်ပါတယ်။ အသားအရေအတွက် ဗိုက်တာမင်စီရော အသားအရေတင်းရင်း ကြည်လင်စေအောင် စွမ်းဆောင်နိုင်တဲ့ Lycopene ပါတဲ့ အသီးက ခရမ်းချဉ်သီး ဖြစ်ပါတယ်။

(၄) ဗိုက်တာမင်အေ

orange carrots sliced and whole with fresh carrot juice

Photo: Freepik

အသားအရေတင်းရင်းကျန်းမာစေဖို့ ဗိုက်တာမင်အေလည်း လိုအပ်ပါတယ်။ ဗိုက်တာမင်အေဟာ အရေပြား အပေါ်နဲ့အောက်အလွှာတွေကို ကျန်းမာတင်းရင်းစေပြီး အရေပြားထဲက အဆီဂလင်းတွေကို အားကောင်းစေပါတယ်။ဗိုက်တာမင်အေအတွက် မုန်လာဥနီ စားပေးနိုင်ပါတယ်။ မုန်လာဥနီဟာ ဘီတာကာရိုတင်းနဲ့ ဗိုက်တာမင်အေအတွက် အကောင်းဆုံး အရင်းအမြစ်တွေထဲက တစ်ခု ဖြစ်ပါတယ်။ အသားအရေအရောင်လည်း ကြည်လင်စေသလို အရွယ်တင်အောင်ပါ ကူညီပေးနိုင်ပါတယ်။ ကန်စွန်းဥကလည်း အလားတူ အသားအရေအတွက် ကျန်းမာစေတဲ့ အစားအစာပဲ ဖြစ်ပါတယ်။

(၅) ရေဓါတ်

Glass of water being filled

Photo: Freepik

ရေဓါတ်ဖြည့်တင်းထားမှ အသားအရေအရောင်ဝင်းလက်စိုပြေစေပါတယ်။ ရေဓါတ်ခမ်းခြောက်ရင် အသားအရေခြောက်သွေ့ပျက်စီးလွယ်ပါတယ်။ ရေပဲ မသောက်ချင်ရင် Green Tea လည်း သောက်နိုင်ပါတယ်။