ဒီတစ်ခါမှာတော့ လူငယ်ကောင်မလေးတွေအတွက် ကိုယ်ဝတ်ထားတဲ့ဖက်ရှင်ကို ပိုမိုက်သွားအောင် support လုပ်ပေးမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီပို့စ်လေးဆိုရင် အခုနောက်ပိုင်းမှာ ခေတ်စားနေတဲ့ ပို့စ်ပေးနည်းပါ။ နောက်ပိုင်းမှာ ပိုတောင်ခေတ်စားလာမယ့် ပို့စ်လို့လည်းပြောလို့ရပါတယ်။ ကိုယ်ဝတ်ထားတဲ့ ခေါင်းအစခြေအဆုံး ဖက်ရှင်တွေကို ပေါ်လွင်စေပါတယ်။

ဘောင်းဘီဘေးဘက်ကို ကိုင်ထားသလို၊ အင်္ကျီစကိုကိုင်ထားသလို ပို့စ်မျိုးပါ။ အခုနောက်ပိုင်းမှာ အရမ်းရေပန်းစားနေတဲ့ပို့စ်ပါပဲ။ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်ကိုလည်း ပိုမိုက်သွားအောင် support ပေးမယ့်ပို့စ်မျိုး ဖြစ်ပါတယ်။

ဒီပို့စ်လေးဆိုလည်း ကိုယ့်ဖက်ရှင်ကို အထာကျကျနဲ့ ပိုမိုက်သွားစေပါတယ်။ လုပ်ရတာလည်း မခက်ခဲပါဘူး။ မျက်နှာထားက အသက်ပါပဲ။

ဒီပို့စ်လေးဆိုရင် လုံးဝကိုအထာကျပြီး မိုက်နေစေမယ့်ပို့စ်မျိုး ဖြစ်ပါတယ်။ ဒီလိုဖက်ရှင်မျိုးဝတ်ရင် မျက်မှန်လေးပါတပ်ဖို့လည်း မမေ့ပါနဲ့။

ဒီပို့စ်ကတော့ လုံးဝကိုအချေပို့စ်လေးနဲ့ မိမိုက်နေစေပါတယ်။ ဝတ်ထားတဲ့ဖက်ရှင်ကိုလည်း ပိုပြီးပေါ်လွင်စေသလို၊ ပိုမိုက်သွားစေတဲ့ ပို့စ်မျိုးဖြစ်ပါတယ်။

ပို့စ်တွေ ထွေထွေထူးထူးသိပ်မလုပ်တတ်ရင် ဒီလိုလမ်းလျှောက်လာပုံလေး ရိုက်ကြည့်ပါ။ ဝတ်ထားတဲ့ဖက်ရှင်ကိုလည်း ပေါ်လွင်စေပြီး မိုက်နေစေပါတယ်။

ဒီပို့စ်လေးဆိုရင် လုပ်ရတာလွယ်သလောက် မိုက်လည်းမိုက်ပါတယ်။ ကိုယ်ဝတ်ဆင်ထားတဲ့ ဖက်ရှင်အားလုံးကိုလည်း ပိုမိုက်သွားအောင်၊ ဖက်ရှင်ကျသွားအောင် support ပေးပါတယ်။

Mirror selfie ရိုက်မယ်ဆိုရင်လည်း ဒီလိုမျိုးလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ ဖက်ရှင်ကျပြီး မိုက်တဲ့ပုံစံလေး ရစေပါတယ်။

လမ်းလျှောက်လာတဲ့ပုံလေးကိုမှ တစ်ဖက်ကိုကြည့်နေတဲ့ပုံစံလေး ပို့စ်ပေးရိုက်ကြည့်ပါ။ Snap ပုံစံလေးဖြစ်လို့ သဘာဝဆန်ဆန်လေးနဲ့ လှပါတယ်။ ကိုယ့်ဖက်ရှင်ကိုလည်း ပေါ်လွင်စေပါတယ်။

Photo source:www.pinterest.com