အခုလိုမျိုး မိုးတွေအမြဲတမ်းရွာနေတော့မယ့် မိုးရာသီလိုအချိန်မျိုးမှာ အရှည်တွေကိုဝတ်တာက အတိုလေးတွေကိုဝတ်တာက ပိုပြီးတော့ အဆင်ပြေစေပြီး ဖက်ရှင်ပိုင်းနဲ့ကြည့်ရင်လည်း ပိုပြီးချစ်စရာကောင်းနေစေမယ့် ဖက်ရှင်မျိုးလေးဖြစ်ဖို့က လိုအပ်ပါသေးတယ်။ မိုးတွင်းမှာ အတိုလေးတွေဝတ်တော့ မိုးရေတွေ အဝတ်အစားကို စိုမှာလည်းစိတ်ပူစရာမလိုတော့ပဲ သက်တောင့်သက်သာဖြစ်နေစေမှာပါ။

ဒီလိုမျိုး ဂျင်းစကပ်ဖက်ရှင်လေးတွေကလည်း ဘယ်တော့မှမေ့ထားလို့မရတဲ့ ဖက်ရှင်မျိုးလို့ဆိုလို့ရပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့လူငယ်ဆန်ပြီး မိုးရာသီလိုအချိန်မျိုးတွေမှာလည်း ဝတ်ဆင်ဖို့အဆင်ပြေတဲ့ ဖက်ရှင်မျိုးပဲဖြစ်ပါတယ်။

အမည်းရောင်စကပ်တိုလေးကလည်း ရွေးချယ်စရာဖက်ရှင်တစ်ခုပါပဲ။ အမည်းရောင်စကပ်လေးနဲ့ဆိုရင် အပေါ်ကနေဘာအရောင်နဲ့ပဲဝတ်ဝတ် လိုက်ဖက်မှုရှိပြီး ဖက်ရှင်အတွက်လည်း သိပ်ပြီးတော့စိုးရိမ်နေစရာမလိုတော့ဘူးပေါ့။

အခုနောက်ပိုင်းမှ ပိုပြီးတော့လူကြိုက်များလာတဲ့ ဒီလိုဖက်ရှင်မျိုးက နွေရာသီမှာလည်း လိုက်ဖက်မှုရှိသလို မိုးရာသီမှာဆိုရင်လည်း အဆင်ပြေစေမယ့်ဖက်ရှင်မျိုးပဲဖြစ်ပါတယ်။ အပေါ်နဲ့အောက် တစ်ဆက်ထဲဖြစ်နေတာကြောင့် လိုက်ဖက်တာတွေကို တကူးတကရှာနေစရာမလိုတော့ပဲ အဆင်ပြေစေမှာပဲဖြစ်ပါတယ်။

အရောင်တောက်တောက်လေးနဲ့ ဘောင်းဘီမျိုးကလည်း မိုးရာသီအတွက်ဆိုရင် လိုက်ဖက်မှုရှိပါတယ်။ ဂျင်းသားမဟုတ်တာကြောင့် မိုးရေစိုသွားပြီး မခြောက်မှာတွေကိုလည်း စိတ်ပူနေစရာမလိုတော့ပဲ အရမ်းလည်းမတိုလွန်းအရမ်းလည်း မရှည်တာကြောင့် အတိုမဝတ်ချင်တဲ့ ပျိုမေတို့အတွက်တော့ အဆင်ပြေစေမှာပါ။

Photo Source: Pinterest