ဓာတ်ပုံရိုက်ရတာကို ဝါသနာပါတဲ့ မိန်းကလေးတွေထဲမှာမှ စတိုင်လ်ကျကျနဲ့ ကိုယ်ဝတ်ထားတဲ့ဖက်ရှင် ပေါ်လွင်စေတာမျိုးကို ကြိုက်တဲ့သူတွေအတွက် ဖက်ရှင်လည်းကျ၊ စတိုင်လ်လည်းကျပြီး လှနေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ခုံမှာထိုင်ရိုက်မယ်ဆိုရင် ခြေထောက်လေးချိတ်ပြီး အိတ်ကို ကိုယ့်ဘေးမှာ သေချာချထားပါ။ ကင်မရာကို မကြည့်ပဲ တစ်ဖက်ကိုကြည့်နေတဲ့ပုံစံလေး ပို့စ်ပေးကြည့်ပါ။ မျက်မှန်တပ်လိုက်ရင်တော့ စတိုင်လ်ကျပြီး မိုက်နေမှာပါ။

ကိုယ်ကတော့ ပုံထဲကအတိုင်းလေးပဲ သေချာလိုက်လုပ်ပြီး ပို့စ်ပေးပါ။ ရိုက်တဲ့သူက အောက်ကနေ နည်းနည်းပင့်ပြီး ရိုက်ပေးပါ။ ဒါဆိုရင်တော့ အရပ်လည်း ပိုရှည်သလိုဖြစ်သွားပြီး အရမ်းလှပါတယ်။

ကော်ဖီဆိုင်တွေမှာ cute type ရိုက်ရတာ ရိုးလာပြီဆိုရင် ဒီလိုလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ ဝတ်ထားတဲ့ဖက်ရှင်ကိုလည်း ပေါ်လွင်စေပြီး စတိုင်လ်ကျစေပါတယ်။

ဒီပို့စ်လေးဆိုရင် ရိုက်တဲ့သူကသာ အပေါ်စီးကရိုက်ပေးပါ။ ပုံမှန်ထက်ပိုပြီးတော့ကို လှပါတယ်။ အိတ်ကို မကိုင်ထားပဲ၊ ပေါင်ပေါ်လည်းမတင်ထားပဲ ကိုယ့်ဘေးမှာ သေချာလေးချထားပါ။

ဒီပို့စ်လေးဆိုရင် ခြေထောက်အနေအထားက အသက်ပါပဲ။ ပြီးရင် ပိုက်ဆံအိတ်ကို လက်ကနေ ပုံထဲကအတိုင်း ကိုင်ထားပါ။ ဖက်ရှင်ကျတဲ့ ပို့စ်ပေးနည်းပါပဲ။

ဒီပို့စ်ဆိုရင် ဖက်ရှင်အသားပေးပို့စ်ပါ။ အရမ်းမိုက်ပြီး အထာကျသလို စတိုင်လ်ကျပြီး မိုက်နေတာပါပဲ။

ဒီလိုထိုင်တာလေးက အထာကျပြီး ဝတ်ထားတဲ့ဖက်ရှင်ကိုလည်း ပေါ်လွင်စေပါတယ်။

လှေကားမှာရိုက်မယ်ဆိုရင် ဒီလိုလေးထိုင်ရိုက်တာက အဝတ်အစား၊ ဖိနပ်၊ အိတ် အားလုံးပေါ်လွင်စေပြီး အရမ်းလှပါတယ်။

ဘယ်မှမရောက်လည်း လမ်းမှာ ဒီလိုလေးထိုင်ရိုက်လို့ရပါတယ်။ ဖက်ရှင်လည်းကျ၊ စတိုင်လ်လည်းကျစေပါတယ်။

လမ်းမမှာလူရှင်းရင် ဒီလိုလေးပို့စ်ပေးပြီးရိုက်ကြည့်ပါ။ စတိုင်လ်ကျပြီး အရမ်းလှပါတယ်။

Photo source:www.pinterest.com