မျက်တောင်မွှေးရှည်ချင်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ တကယ်ထိရောက်ပြီး မျက်တောင်မွှေးတွေ သိသိသာသာရှည်လာစေမယ့် အကောင်းဆုံးဖြစ်တဲ့ Eyelash Growth Serum တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီ Eyelash Growth Serum တွေအားလုံးက နာမည်အကြီးဆုံး၊ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးတွေဖြစ်တာကြောင့် ကိုယ်နှစ်သက်ရာ၊ အဆင်ပြေရာတစ်မျိုးကို စိတ်ချလက်ချရွေးပြီး သုံးစွဲနိုင်ပါတယ်။

Eyelash Growth Serum သုံးမယ်ဆိုရင်တော့ ညအိပ်ယာဝင်ခါနီးတိုင်းမှာ မျက်တောင်ပေါက်တဲ့နေရာလေးကို သေချာတို့လိမ်းပေးပါ။ မျက်တောင်လေးတွေကိုလည်း ကော့ပေးပါ။ နေ့တိုင်းသုံးပေးရင်တော့ တစ်လလောက်ဆိုတာနဲ့ မျက်တောင်လေးတွေ ရှည်ပြီး ထူလာတာ များလာတာကို တွေ့ရပါလိမ့်မယ်။

မျက်တောင်လေးတွေ သန်ချင်တယ်ဆိုရင် အရေးကြီးတာကတော့ မျက်လုံးကို ခဏခဏမပွတ်ပါနဲ့။ မျက်လုံးကိုခဏခဏပွတ်ရင် မျက်တောင်မွှေးတွေ ကျွတ်သွားပါလိမ့်မယ်။ နောက်တစ်ခုကတော့ Mascara သုံးပြီးရင် Eye Remover (သို့) Makeup Remover နဲ့ ပြောင်အောင်ဖျက်ဖို့လည်း မမေ့ပါနဲ့။

ဒါဆိုရင်တော့ မျက်တောင်မွှေးတွေ သိသိသာသာရှည်လာစေမယ့် အကောင်းဆုံး Eyelash Growth Serum တွေကို ကြည့်လိုက်ရအောင်….။

RevitaLash Advanced Eyelash Conditioner

LashFood Phyto‐Medic Eyelash Enhancer

Rapid Lash Eyelash and Eyebrow Enhancing Serum

Grande Cosmetics GrandeLash-MD Lash Enhancing Serum

Vichy LiftActiv Antiaging Serum 10 Eyes & Lashes

Lancer Lash Serum Intense

NeuLash Lash Enhancing Serum

Diorshow Maximizer 3D Triple Volume Plumping Lash Primer

Source:www.cosmopolitan.com