အာရုံစိုက်ရတဲ့အလုပ်လုပ်တဲ့သူတွေက မျက်လုံးအရမ်းထိခိုက်တဲ့အတွက် ကြာရင် မျက်မှန်တပ်ရတာမျိုး၊ တစ်ချိန်လုံး မျက်ရိုးတွေကိုက်၊ ခေါင်းတွေထိုးကိုက်ပြီး ဇာတ်ကြောတက်တာတွေ ဖြစ်လာပါတယ်။ အမြင်အာရုံအားနည်းလာပါတယ်။ အထူးသဖြင့်တော့ ကွန်ပြူုတာနဲ့ အလုပ်လုပ်ရတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။ ဒါကြောင့် အာရုံစိုက်ရတဲ့အလုပ် လုပ်သူတိုင်းအတွက် မျက်လုံးလေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။

Eye Roll

မျက်လုံးကိုအပေါ်လှန်ကြည့်ပြီး မျက်ဆံကို တစ်ပတ်လှည့် ကစားပေးရမယ့် Eye Roll လေ့ကျင့်ခန်းပါ။ စက္ကန့် ၃၀ လောက်လုပ်ပေးရင် ရပါပြီ။

မျက်လုံးအောက်ကိုပွတ်ချပါ

မျက်စိမှိတ်ပြီး လက်နှစ်ဖက်ကို မျက်ခွံပေါ်တင်ကာ အောက်ဘက်ကို ပွတ်ချပေးရမှာပါ။ ဖိပြီးပွတ်ချစရာမလိုပါဘူး။ ဖြေးဖြေးချင်းစီ ပွတ်ချပေးရမှာပါ။ ဒီလေ့ကျင့်ခန်းကိုတော့ ၂ မိနစ် လုပ်ပေးရပါမယ်။

Moving Finger Eye

ကုလားထိုင်မှာထိုင်ပြီး ပခုံးကြောတွေကိုလျှော့ထားပြီး လည်ပင်းကိုဆန့်ထားပါ။ ညာဘက်လက်နဲ့ ခဲတံကိုင်ထားပြီး နှာခေါင်းရှေ့တည့်တည့်မှာထားပါ။ မျက်လုံးက ခဲတံကိုပဲ စိုက်ကြည့်နေပါ။ ပြီးရင် ခဲတံကိုင်ထားတဲ့လက်က ဖြေးဖြေးချင်းစီ ရှေ့ကိုဆန့်ထုတ်လိုက်၊ နှာခေါင်းနားပြန်ကပ်လိုက်နဲ့ လုပ်ပေးရမှာပါ။

Eye Press

သက်တောင့်သက်သာဖြစ်အောင်ထိုင်ပြီး မျက်လုံးကိုမှိတ်၊ အသက်ကိုပြင်းပြင်းရှိုက်ရှူပြီး မျက်ခွံကို လက်ညှိုးနဲ့ ၂ စက္ကန့် ဖိထားပေးရမှာပါ။ အဲ့တိုင်း ၁ မိနစ်လောက်လုပ်ပေးပါ။

Eye Massage

မျက်စိမှိတ်ပြီး လက်ချောင်းလေးတွေကိုသုံးပြီး clockwise direction နဲ့ မျက်ခွံ၊ မျက်လုံးနားတစ်ဝိုက်ကို massage လုပ် နှိပ်နယ်ပေးရပါမယ်။ ၂ မိနစ် လောက်နှိပ်ပေးရင် ရပါပြီ။

Blink

ထိုင်ပြီးပခုံးကြောတွေကိုလျှော့ထားပါ။ ပြီးရင်တော့ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ပေးရပါမယ်။ ၁၀ ကြိမ်လောက်လုပ်ပြီးရင် ခဏရပ်၊ ပြီးရင်ပြန်လုပ်ပါ။ အဲ့အတိုင်း ၂ မိနစ်လောက် လုပ်ပေးပါ။

Eye Bounce

မျက်လုံးကိုအပေါ်ကြည့်လိုက်၊ အောက်ကြည့်လိုက်နဲ့ လုပ်ပေးရမှာပါ။ ၁၀ ကြိမ် မနားတမ်းလုပ်ပြီးရင် ၅ စက္ကန့်နားပါ။ ပြီးရင် ပြန်လုပ်ပါ။ အဲ့အတိုင်း ၁ မိနစ် လုပ်ပေးရပါမယ်။

Sidelong Glance

မျက်လုံးကို ညာဘက်ထောင့်ကပ်ကြည့်လိုက်၊ ဘယ်ဘက်ထောင့်ကပ်ကြည့်လိုက်နဲ့ လုပ်ပေးရမှာပါ။ ၂ မိနစ်ကြာ လုပ်ပေးရပါမယ်။

ဒီမျက်လုံးလေ့ကျင့်ခန်းတွေကို အချိန်ပေးပြီး နေ့တိုင်းသာလုပ်ပေးသွားမယ်ဆိုရင်တော့ အမြင်အာရုံပိုကောင်းလာပြီး မျက်စိကျန်းမာရေး ပိုကောင်းလာပါမယ်။ မျက်ရိုးကိုက်တာ၊ မျက်လုံးအောင့်တာနဲ့ အာရုံကြောပြဿနာတွေလည်း သက်သာလာပါလိမ့်မယ်။