အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုတွေများပြီး Stress ပိနေတဲ့သူတွေအတွက် စိတ်ပေါ့ပါးပြီး Stress တွေလျော့ကျစေဖို့ အကောင်းဆုံးဖြစ်တဲ့ လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။

တစ်မိနစ် တရားထိုင်တဲ့ပုံစံ အနေအထားနဲ့ မျက်စိမှိတ်ပြီး အသက်ကို ရှူသွင်း ရှူထုတ် ဖြေးဖြေးချင်းစီ လုပ်ပေးပါ။

နှစ်ခေါင်းတစ်ဖက်ကို လက်နဲ့ပိတ်ပြီး အသက်ကို ရှိုက်ပြီး ရှူသွင်းပေးပါ။ ပြီးရင် နောက်တစ်ဖက်ကိုလည်း အဲ့အတိုင်း ပြောင်းလုပ်ပေးပါ။

လေကောင်းလေသန့်ရတဲ့နေရာမှာ Tai Chi လေ့ကျင့်ခန်းလုပ်ပေးပါ။

Kickboxing လုပ်တာကလည်း စိတ်ဖိစီးမှုတွေ၊ ဒေါသတွေ Stress တွေကိုလျော့ကျစေတဲ့ လေ့ကျင့်ခန်းတစ်မျိုးပါပဲ။

ဘာလေ့ကျင့်ခန်းမှ ထွေထွေထူးထူးမလုပ်ချင်ရင် ပြေးပါ။ ပြေးတာကလည်း စိတ်ပေါ့ပါးစေတယ်။ Stress တွေ လျော့ကျစေပါတယ်။

Zumba လေ့ကျင့်ခန်းကျတော့ တီးလုံးနဲ့ စည်းချက်လေးနဲ့ ကရသလိုဆိုတော့ စိတ်ပေါ့ပါးပြီး Stress တွေ မေ့ပျောက်စေတယ်။ စိတ်ပျော်ရွှင်စေပါတယ်။

Source:www.stylecraze.com