မင်္ဂလာပါနော်။ ခန္ဓာကိုယ်ကအနေတော်ပေမယ့် လက်မောင်းပဲကွက်ကြီးနေသလို ခံစားရတဲ့သူတွေအတွက် ထိထိရောက်ရောက် လက်မောင်းအဆီကျစေမယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို တစ်မျိုး အနည်းဆုံး စက္ကန့် ၃၀ မှ ၆၀ ကြားနဲ့ ၁၀ မိနစ်လောက် အချိန်ပေးပြီး နေ့တိုင်းလုပ်ပေးမယ်ဆိုရင် နှစ်ပတ်လောက်အတွင်း သိသိသာသာ လက်မောင်သားကျစ်ပြီး အဆီကျလာတာကို ခံစားရမှာပါ။

လေ့ကျင့်ခန်း ၁


ပုခုံးကြောလျှော့ကာ ဆန့်ထားပြီး လက်နှစ်ဖက်ကို ဘေးဘက်ဆန့်ထုတ်ပြီး မြှောက်ပေးပါ။ ဆန့်ထားတဲ့လက်ကို စက်ဝိုင်းပုံ စက္ကန့် ၃၀ လှည့်ပေးရပါမယ်။ ပြီးရင်တော့ စက်ဝိုင်းပြောင်းပြန်ပုံပြောင်းကာ နောက်ထပ် စက္ကန့် ၃၀ ပြန်လှည့်ပေးပါ။ အရှေ့အနောက် စက္ကန့် ၃၀ စီ နှစ်ကြော့ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း ၂


ပထမလေ့ကျင့်ခန်းပြီးနောက် အလည်မှာ ၅ စက္ကန့်နားပြီး Tricep Dips လေ့ကျင့်ခန်းဆက်လုပ်ပါမယ်။ ပုံထဲကလို လက်ကို ခုံ (သို့) တင်စရာတစ်ခုခုပေါ် နောက်ပြန်အားပြုပြီး ထောက်ကာ ဒူးကွေးထားပါ။ ပြီးနောက် ဒိုက်ထိုးသလို ခန္ဓာကိုယ်ကို အတင်အချ လုပ်ပေးရပါမယ်။ သူ့ကိုလည်း မယိုင်ရအောင်ဖြေးဖြေးချင်းထိန်းပြီး စက္ကန့် ၃၀ မှ ၄၀ ကြားလုပ်ပေးပါ။

လေ့ကျင့်ခန်း ၃


ဒီလေ့ကျင့်ခန်းအတွက် အလေးတုံး နှစ်တုံးလိုပါတယ်။ အလေးတုံး မ ပြီး လက်နှစ်ဖက်ကို ခန္ဓာကိုယ်ဘေးဘက်ကပ်ထားပါ။ လက်ကြွက်သားတွေတင်းထားပြီး အလေးတုံး အတင်အချ လုပ်ပေးရမှာဖြစ်ပါတယ်။ မတ်မတ်ရပ်ပြီး စက္ကန့် ၃၀ လောက် လုပ်ပေးပါ။

လေ့ကျင့်ခန်း ၄


ပုံထဲကလို ခြေထောက်တစ်ချောင်းရှေ့ထုတ်ပြီး ဒူးအနည်းငယ်ကွေးပါ။ ပြီးနောက် အလေး မ ကာ တံတောင်နှစ်ဖက်ကို အနောက်ကပ်ပြီး ဖြေးဖြေးချင်း အကွေးအဆန့်လုပ်ပေးရပါမယ်။ စက္ကန့် ၃၀ နှစ်ကြော့လောက်ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း ၅


ဒူးအနည်းငယ်ကွေးကာ ခန္ဓာကိုယ်ကို ရှေ့ကိုင်းထားပါ။ လက်နှစ်ဖက်ကို အလေး မ ကာ ဆန့်ထုတ်ပြီး ဒူးရှေ့ကနေ ဘေးဘက်ကားပြီး အပေါ် မ တင်ပေးရပါမယ်။ ခန္ဓာကိုယ်အပေါ်ပိုင်း ကျောရိုးနဲ့ ခါးကြောကို ဆန့်ထားပြီး ဖြေးဖြေးချင်း မ လိုက်ချလိုက်ပြုလုပ်ပေးရပါမယ်။ သူ့ကိုလည်း စက္ကန့် ၃၀ နှစ်ကြော့လောက်လုပ်ပေးဖို့ လိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar