မင်္ဂလာပါ ပျိုမေလေးတို့ရေ။ မနက်ဖြန်မှ အစားလျော့ပါတော့မယ်လေ၊ မနက်ဖြန်မှ လေ့ကျင့်ခန်းလုပ်ပါတော့မယ်လေဆိုပြီး မနက်ဖြန်ပေါင်းများစွာကို မရေမတွက်နိုင်အောင် ကျော်ဖြတ်ပြီးခဲ့ကြပြီနဲ့တူတယ်နော်။

ကိုယ့်ရဲ့ Diet Plan က ဘယ်တော့မှ အထမမြောက်ဘဲ ဝမ်းဗိုက်မှာ အဆီတဝင်းဝင်း၊ ဗိုက်ခေါက် ထူထူကြီးပဲ စုပုံလာလို့ စိတ်ညစ်နေပြီဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ပြီးတဲ့နောက်မှာ အခုဖော်ပြပေးတဲ့ လေ့ကျင့်ခန်းတွေကို မှန်မှန်ပြုလုပ်ပေးလိုက်ပါတော့။

Crop Top လေးတွေဝတ်ပြီး မိန်းကလေးချင်းတောင် အားကျရလောက်တဲ့ ချပ်ရပ်တဲ့ဝမ်းဗိုက်လေးကို ဖန်တီးယူလိုက်ပါ။

လေ့ကျင့်ခန်း (၁)

အရင်ဦးဆုံး ယောဂပြုလုပ်တဲ့ ဖျာပေါ်မှာ လှဲလျောင်းကာ အသင့်အနေအထား ပြင်ထားလိုက်ပါ။ ထို့နောက် ခြေထောက်ကို ဖြည်းဖြည်းချင်းအပေါ်သို့ မြှောက်ပေးလိုက်ပါ။ ထို့နောက် ခြေထောက်ကို ကြမ်းပြင်နဲ့ မထိအောင် ပြန်ချလိုက်ပါ။ ခြေထောက်မြှောက်လိုက် ပြန်ချလိုက်ဖြင့် ၁၅ ကြိမ် ၃ ကြော့ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခန်းပြုလုပ်တဲ့ဖျာပေါ်မှာ ထိုင်နေပြီး လက်နှစ်ဖက်ကို ခန္ဓာကိုယ်အနှောက်မှာ ထောက်ထားလိုက်ပါ။ ခြေထောက်နှစ်ဖက်ကို အပေါ်သို့ အနည်းငယ်ကြွထားပြီး ဆန့်တန်းထားပါ။ ထို့နောက် ဒူးအနည်းငယ်ကွေးကာ ခြေထောက်နှစ်ချောင်းကို ရင်ဘတ်ဆီသို့ ဆွဲယူလိုက်ပါ။ အကြိမ် ၂၀၊ ၂ ကြော့ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၃)

လေ့ကျင့်ခန်း ပြုလုပ်တဲ့ဖျာပေါ်မှာ လှဲလျောင်းနေပြီး ခြေထောက်နှစ်ဖက်ကို အပေါ်မြှောက်ကာ ဒူးနှစ်ဖက်ကို ၄၅ ဒီဂရီ ကွေးထားလိုက်ပါ။ လက်နှစ်ဖက်ကိုတော့ နောက်စေ့နား ကပ်ထားလိုက်ပါ။ ဦးခေါင်းကို ပုံပါအတိုင်း အပေါ်သို့ အနည်းငယ် ကြွထားပါ။ ဒီအနေအထားကတော့ လေ့ကျင့်ခန်း စလုပ်ရမယ့် အသင့်အနေအထားပဲဖြစ်ပါတယ်။

ဘယ်ဒူးကို ရင်ဘတ်ဆီသို့ ဆွဲယူလိုက်တဲ့အချိန်မှာ ညာတံတောင်နဲ့ ထိကပ်ပေးလိုက်ပါ။ တစ်ဖန် ညာဒူးကို ရင်ဘတ်ဆီသို့ ဆွဲယူလိုက်ချိန်မှာ ဘယ်တံတောင်နဲ့ ထိကပ်ပေးလိုက်ပါ။ ၁၂ ကြိမ်၊ ၂ ကြော့ ပြုလုပ်ပေးရပါမယ်။ တစ်ကြော့ပြီးတိုင်းမှာ ၁၀ စက္ကန့် အနားယူပေးလိုက်ပါ။

လေ့ကျင့်ခန်း (၄)

အရင်ဦးဆုံး လေ့ကျင့်ခန်းပြုလုပ်တဲ့ဖျာပေါ်မှာ လှဲလျောင်းလိုက်ပါ။ ပြီးရင် ခြေထောက်နှစ်ချောင်းကို ၉၀ ဒီဂရီ ထောင်မတ်လိုက်ပါ။ ထို့နောက် ညာလက်ကို ဘယ်ခြေမျက်စိဖြင့် ထိကပ်လိုက်ပါ။ တစ်ဖန် ဘယ်လက်ကိုတော့ ညာဘက်ခြေမျက်စိဖြင့် ထိကပ်ပေးလိုက်ပါ။ ၁၅ ကြိမ်၊ ၂ ကြော့ ပြုလုပ်ပေးရပါမယ်။

ဒီလေ့ကျင့်ခန်းလေးမျိုးကို နေ့စဉ်မှန်မှန်ပြုလုပ်ပေးနိုင်တယ်ဆိုရင်ပဲ တစ်လကြာတဲ့အခါမှာ ဝမ်းဗိုက်က အဆီပိုတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒါပေမဲ့ အဆီအဆိမ့်တွေ ရှောင်စားဖို့လည်း လိုလိမ့်မယ်နော်။

Source: Stylecraze.com

By MyStyle Myanmar