အိမ်မှာ အနံ့အသက်ဆိုးတွေဖြစ်နေရင် နေ့တိုင်း ဒီအနံ့တွေကိုရှူရှိုက်နေရလို့ ကျန်းမာရေးထိခိုက်ပါတယ်။ ဧည့်သည်လာရင်လည်း စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် အိမ်မှာရှိတဲ့ အနံ့အသက်ဆိုးတွေကို ပျောက်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို ပြောပြပေးလိုက်ပါတယ်။ အကုန်အကျသက်သာပြီး လုပ်ရတာလွယ်ကူတဲ့ နည်းလမ်းတွေဖြစ်တာကြောင့် လူတိုင်းအတွက် အဆင်ပြေမှာပါ။

မီးဖိုချောင်ထဲမှာ အနံ့အသက်ဆိုးတွေဖြစ်နေရင် လိမ္မော်သီးအခွံကို ခြောက်အောင်တစ်ညထားလိုက်ပါ။ နောက်နေ့မှ မီးဖိုချောင်ထဲမှာ ခြောက်သွားတဲ့ လိမ္မော်သီးအခွံကို မီးရှို့ပေးပါ။ ဒီလိုလုပ်ပေးခြင်းက မီးဖိုချောင်ထဲက အနံ့ဆိုးတွေကို စုပ်ယူသွားစေပါတယ်။

ကြောင်အီးပါတဲ့ခွက်ကတော့ နံမှာပါပဲ။ ဒါပေမယ့် အနံ့အရမ်းမထွက်အောင်လုပ်ချင်ရင်တော့ မီးသွေးခဲသေးသေးလေးတွေကို ပိတ်စအပါးထဲထည့်ပြီး လိပ်လိုက်ပါ။ ပြီးရင်တော့ ခွက်နားမှာထားလိုက်ပါ။ ပုံမှန်ထက်ပိုပြီး အနံ့နံတာ သက်သာစေပါတယ်။

အဝတ်ဘီဒိုထဲက အဝတ်အစား ရေမခြောက်တဲ့အနံ့မျိုး၊ အောက်သပ်သပ်အနံ့မျိုး ရနေရင်တော့ အကီၤျတွေတစ်ခုနဲ့တစ်ခုကြားမှာ dryer sheet လေးခံပေးထားပါ။ အနံ့ဆိုးတွေကို စုပ်ယူသွားပါလိမ့်မယ်။

ရေခဲသေတ္တာဖွင့်လိုက်လို့ အနံ့ဆိုးထွက်နေရင် baking soda ကို ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ အနံ့ဆိုးတွေကို စုပ်ယူသွားပါလိမ့်မယ်။

တစ်ခါတစ်လေကျရင် ဗေဇင်ရေထွက်ပေါက်က အနံ့ဆိုးထွက်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုဗေဇင်က အနံ့ဆိုးထွက်နေရင်တော့ သံပယိုသီးကို ထက်ခြမ်းခြမ်းပြီး ရေထွက်ပေါက်ထဲ ညှစ်ချလိုက်ပါ။

အိပ်ယာ၊ ဆိုဖာတွေက အနံ့အသက်ဆိုးထွက်နေရင် မုန့်ဖုတ်ဆိုဒါအမှုန့်ကို လိုက်ဖြူးပြီး မိနစ် ၃၀ ထားလိုက်ပါ။ အနံ့ဆိုးတွေကို စုပ်ယူသွားပါလိမ့်မယ်။ ပြီးမှ တံမြက်စည်းအသေးလေးနဲ့ လှည်းလိုက်ရုံပါပဲ။

အိမ်သာထဲမှာထားမယ့် တစ်ရှူးလိပ်ရဲ့အတွင်းက ကတ်ထူလိပ်မှာ essential oil နှစ်စက်လောက် ချပေးထားမယ်ဆိုရင်တော့ အနံ့အသက်ဆိုးတွေမရှိပဲ အိမ်သာထဲမှာ essential oil အနံ့လေး မွှေးနေမှာပါ။