အိုမင်းရင့်ရော်ခြင်းက ရှောင်ကျဉ်လို့ မရတဲ့ သဘာဝတရားကြီးပါ။ အရွယ်ရလာပြီဆိုတာနဲ့ ဆံပင်တွေဖြူလာမယ်၊ ဆံပင်တွေ ကျွတ်လာမယ်၊ အသားအရေတွေ တွန့်လာမယ်။ ဒါတွေက ရှောင်လွှဲလို့ မရတဲ့ တနေ့မှာ လူတိုင်းကြုံရမယ့် အရာတွေပါ။
ဒါပေမဲ့ အခုဖော်ပြပေးမယ့် သောက်စရာတွေကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။
(၁) ကော်ဖီ
သမိုင်းအရတော့ ကော်ဖီက နာမည်ဆိုးရထားပါတယ်။ ဒါပေမဲ့ လေ့လာသူတွေကတော့ ဒါက အမှားကြီးတခုဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ ကော်ဖီမှာပါတဲ့ ကဖိန်းဓာက်က နာတာရှည်အသားအရေ ရောင်ရမ်းခြင်း၊ အသက်ကြီးလာလို့ဖြစ်လာတဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ တနေ့ကို ကော်ဖီ ၃-၄ ခွက်ထက် ပိုမသောက်ဖို့တော့ လိုတယ်နော်။
(၂) ဂရိခ် ဒိန်ချဉ်
ဂရိခ်ဒိန်ချဉ်ထဲကို ငှက်ပျော်သီးနဲ့ဘယ်ရီသီးတွေ ထည့်ပြီးသောက်တာက အရသာလည်းရှိပြီးတော့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။
ငှက်ပျောသီးအမှည့်မှာပါတဲ့ Pectin ဓာတ်က သွေးထဲ သကြားပါဝင်မှုနူန်းကို ထိန်းပေးပါတယ်။ Pectin က ခန္ဓာကိုယ်တွင်းရှိ အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆိပ်အသောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။
ဘယ်ရီသီးတွေကတော့ ဗီတာမင်ဆီ ကြွယ်ဝတဲ့ အသီးဖြစ်ပြီး အသားအရေအတွက် အလွန်ကောင်းပါတယ်။
(၃) ဝိုင်
ဝိုင်ကို အလွန်အကျွန်သောက်တာက အသည်းကိုပျက်စီးစေပြီးတော့ လက်ရှိအသက်အရွယ်ထက်ပိုပြီး အိုးမင်တဲ့ရုပ်ပေါက်စေပါတယ်။ ဒါပေမဲ့ ဝိုင်ကို ကျန်းမာရေးနဲ့ အညီမျှတစွာ မှီဝဲမယ်ဆိုရင်တော့ ကောင်းကျိုးတွေ အများကြီးရနိူင်ပါတယ်။
(၄) ရေ
လူတယောက်ရဲ့ ခန္ဓာကိုယ် ၆၅% ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားတာပါ။ ဒါကြောင့် ရေကတော့ မသောက်မဖြစ် သောက်ပေးရမယ့်ထဲမှာ ပါဝင်ပါတယ်။
ခန္ဓာကိုယ်ရေဓာတ် ခန်းခြောက်သွားခြင်းမရှိအောင် ရေဓာက်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ ရေကို လုံလောက်စွာမသောက်ဘူးဆိုရင် အသားအရေခြောက်သွေ့လာပြီး ရှိရင်းအသက်ထက် ပိုအိုသွားပါလိမ့်မယ်။
(၅) လက်ဖက်ရည် (Green Tea)
Green Tea မှာ အိုမင်းရင့်ရော်ခြင်းနဲ့ အသားအရေ တွန့်ခြင်းကို ကာကွယ်ပေးတဲ့ antioxidant တွေပါဝင်ပါတယ်။ Green Tea ကို မျက်နှာပေါင်းတင်ဖို့အတွက်လည်း သုံးလို့ရပါသေးတယ်။
လေ့လာချက်များအရ Green Tea နဲ့ black tea ကို ပုံမှန် သောက်သုံးမယ်ဆိုရင် နှလုံးနဲ့ဆိုင်တဲ့ ရောဂါဖြစ်ပွားခြင်းမှာ လျှော့ကျစေတယ်လို့ ဖော်ပြထားပါတယ်။