တချိန်တုန်းက မိန်းကလေးတွေ သည်းသည်းလှုပ်ဖြစ်ခဲ့ရတဲ့ One Direction အဖွဲ့ထဲက Harry Styles ဟာ အဖွဲ့ကွဲသွားချိန်မှာလည်း ရေပန်းစားကျော်ကြားဆဲပါပဲ။ သီချင်းတွေနဲ့နာမည်ကျော်ကြားရုံသာမက အကောင်းဆုံးဝတ်စားဆင်ယင်တတ်တဲ့ အနုပညာရှင်တွေထဲမှာလည်း မကြာခဏဆိုသလို ဖော်ပြခံရလေ့ရှိပါသေးတယ်။

သူများတွေနဲ့မတူအောင်ကို ကွဲကွဲပြားပြား ဆန်းသစ်တဲ့ဖက်ရှင်တွေ၊ အရောင်ရွေးချယ်မှုတွေနဲ့ ဝတ်စားတတ်လွန်းသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် မိန်းကလေးတွေဝတ်စားလေ့ရှိတဲ့ အရောင်တောက်တောက်​တွေ၊ အတွန့်အတက်တွေပါတဲ့ဘလောက်စ်အကျီတွေ၊ ပန်းပွင့်ပါ Suit တွေ၊ ဇာကော်လံပါတဲ့ရှပ်အကျီတွေ၊ ပုလဲဆွဲကြိုးတွေကို ရွေးချယ်ဝတ်ဆင်တတ်ပါတယ်။

ဒီလိုမျိုး မျက်လုံးထဲမှာ ပုံဖော်လို့မရတဲ့ ဖက်ရှင်မျိုးတွေကို ဝတ်စားတတ်တဲ့ Harry Styles ရဲ့ ဝတ်ပုံစားပုံတွေက ဘယ်လောက်တောင် ကွဲပြားနေမလဲဆိုတာကို အခုပဲကြည့်လိုက်ရအောင်ပါ။

Source: BrightSide