မိန်းကလေးတွေအနေနဲ့ Skincareလုပ်ပေးတဲ့အဆင့်တွေမှာ ချေးချွတ်တာကလည်း မပါမဖြစ်ပါပဲ။ Scrub လုပ်ပေးတာက ဆဲလ်သေတွေ ကွာကျစေပြီး အသားအရေကို ချောမွေ့စေပါတယ်။ စိတ်ဖိစီးမှုကိုလည်း လျှော့ကျပေးနိုင်ပါတယ်နော်။ Scrub တွေကို ဆိုင်မှာ တကူးတက သွားစရာမလိုဘဲ အိမ်မှာလည်း ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ်။ ပြုလုပ်ပုံတွေက လွယ်ကူလွန်းတာကြောင့် ပျိုမေတို့ အတွက် အသုံးဝင်မှာပါ။ ပျိုမေတို့အတွက် အကောင်းဆုံး DIY Scrub ပြုလုပ်နည်းတွေကို သိချင်ရင်တော့…

၁။ ကော်ဖီ Body Scrub

Source: girlstyle.com

ကော်ဖီမှုန့်မှာပါတဲ့ ကဖင်းဓာတ်က အဆီ Cellulite တွေကို ဖယ်ရှားပေးပါတယ်။ ဒီ Scrub မှာလိုအပ်တဲ့ပစ္စည်းတွေကတော့ – ကော်ဖီမှုန့် ခွက်ဝက်၊ ရေနွေး ၂ ဇွန်း၊ အုန်းဆီ တစ်ဇွန်းတို့ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေကို ရောပြီးနောက် ခွက်တစ်ခွက်ထဲ သိမ်းထားပါ။ ဒါကို ပုံမှန်သုံးပေးနိုင်ပါတယ်။

၂။ သကြားညို Body Scrub

ဒီနည်းလမ်းကတော့ ကိုယ့်အိမ်မှာရှိတဲ့ ပါဝင်ပစ္စည်းတွေကိုပဲ အသုံးပြုထားတာကြောင့်ပိုလွယ်ပါသေးတယ်။ စစသုံးချင်းကတော့ သကြားကြောင့် စေးကပ်ကပ်ဖြစ်နေမှာပါ။ ဒါပေမဲ့ ရေနဲ့ဆေးချလိုက်တဲ့အချိန် အဆင်ပြေသွားမှာပါ။ ပါဝင်ပစ္စည်းတွေကတော့ သကြားညိုခွက်ဝက်၊ သံလွင်ဆီ အနည်းငယ်ဖြစ်ပါတယ်။ သံလွင်ဆီကို ကိုယ်သုံးတဲ့ သကြားပမာဏကိုကြည့်ပြီး ချိန်ထည့်ပေးပါ။ ဒီ Scrub ထဲကို Essential Oil လည်းထည့်နို်င်ပါသေးတယ်။

၃။ ပင်လယ်ဆား Body Scrub

ဆားက ပိုးသတ်ပေးတဲ့အာနိသင်ရှိပါတယ်။ ဒါ့အပြင် အရေပြားရဲ့ သဘာဝပစ္စည်းတွေကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဆားအမှုန့်သေးသေးလေးတွေက ပိုသင့်တော်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ ပင်လယ်ဆားခွက်ဝက်နဲ့ သံလွင်ဆီပါ။ Essential Oil ကိုလည်း ထည့်နိုင်ပါသေးတယ်။

၄။ ပျားရည်နဲ့သကြား Body Scrub

ပျားရည်က အရေပြားကို စိုပြေစေပြီး ဘတ်တီးရီးယားတွေကို သေစေပါတယ်။ အရေပြားကို ပြန်ပြုပြင်ပေးပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ သကြားညို ခွက်ဝက်၊ အုန်းဆီ အနည်းငယ်၊ ပျားရည်နှစ်ဇွန်းဖြစ်ပါတယ်။ အသုံးပြုပြီးနောက် သေချာဆေးကြောပေးပါ။

Body Scrub အသုံးပြုပုံ

ချေးချွတ်တာကို ခဏခဏတော့မလုပ်သင့်ပါဘူး။ ဒီလိုလုပ်တာက အသားအရေကို ခြောက်သွေ့စေပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ်အများဆုံးပြုလုပ်ပေးပါ။ Body Scrub ကိုရေချိုးတဲ့အချိန် အသုံးပြုနိုင်ပါတယ်။ Scrub တိုက်တာက သွေးလည်ပတ်မှုအတွက် ကောင်းပါတယ်။

Source: Herbeauty.co