ပျားရည်ဆိုတာ အသားအရေအတွက် ကောင်းကျိုးအများကြီးပေးနိုင်တဲ့ သဘာဝရဲ့လက်ဆောင်မလို့ ဒီတခါမှာတော့ ဓာတုပစ္စည်းကင်းတဲ့ DIY Honey Face Mask တချို့ကို ဝေမျှပေးချင်ပါတယ်။

ငှက်ပျောသီးကို ပျားရည် ၁ ဇွန်း ၊ နှင်းဆီရေ ၁ ဇွန်းနဲ့ သမအောင်မွှေပြီး မျက်နှာနဲ့လည်ပင်းကို လိမ်းပြီး ဖြည်းဖြည်းချင်းနှိပ်ပါ။ ၁၅ မိနစ် မိနစ် ၂၀ ခန့် ထားလိုက်ပါ။ ပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးပေးပါ။

သစ်ကြံပိုးခေါက်မှုန့် ၁ ဇွန်း ၊ ပျားရည် 1 ဇွန်း ၊ သင်္ဘောသီး ၄ မွှာကို လုံးဝကြေသွားတဲ့အထိ ချေပေးပါ။ မျက်နှာနဲ့လည်ပင်းကို လိမ်းပြီး စက်ဝိုင်းပုံစံနှိပ်ပေးပါ။ အနည်းဆုံး မိနစ် 20 ထားပါ။ ပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးပေးပါ။

သခွားသီးကို အချပ်လေးတွေလှီးပြီး ပျားရည်နဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်တို့နဲ့ရောပြီး မျက်နှာကို လိမ်းပေးပါ။ လိမ်းပြီး ရေနဲ့ ဆေးမချခင် ၂၅ မိနစ်လောက် အရေပြားပေါ်မှာ ထားလိုက်ပါ။

နနွင်းမှုန့် ၁ ဇွန်း ၊ ကုလားပဲမှုန့် ၁ ဇွန်း ၊ ပျားရည် 2 ဇွန်းကို ဇလုံထဲသမအောင်မွှေပြီး မျက်နှာပေါ်လိမ်းပြီး 15 မိနစ်ခန့် ထားပေးပါ။ 10 မိနစ်လောက်ထားပြီးမှ ရေနွေးနွေးလေးနဲ့ ဆေးပေးပါ။ ပြီးမှ Moisturizer နဲ့ လိမ်းပေးပါ။

ပျားရည်ကို လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ ခရမ်းချဉ်သီးဖျော်ရည်နဲ့ ရောပြီး မျက်နှာကို ဂွမ်းစလေးနဲ့ လိမ်းပေးပါ။ အရေပြားပေါ်မှာ 20 မိနစ်ကနေ 25 မိနစ်လောက်ထားပြီး ရေအေးနဲ့ဆေးချလိုက်ပါ။