ဆံသားခြောက်ပြီး ပျက်စီးနေပြီ၊ ဆံသားဖွာနေပြီဆိုရင် ဆိုင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် သေချာဂရုတစိုက်နဲ့ Treatment ပြန်လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီလို Treatment လုပ်တဲ့အခါမှာ ဆိုင်သွားပြီး ပိုက်ဆံအကုန်မခံချင်တဲ့သူတွေအတွက် အိမ်မှာပဲ ပေါင်းတင်နိုင်မယ့် အဆင်အပြေဆုံး ဆံပင်ပေါင်းနည်းကို မျှဝေပေးလိုက်ပါတယ်။

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ပျားရည်၊ ကြက်ဥနဲ့ apple cider vinegar ပါ။

ပန်းကန်ထဲကို ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ apple cider vinegar – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ကြက်ဥ – ၁ လုံး ဖောက်ထည့်ကာ မွှေပေးပါ။

သေချာသမအောင်မွှေပြီးရင် ဆံသားမှာနှံ့နေအောင် သုတ်လိမ်းပါ။ ပြီးရင်တော့ မိနစ် ၃၀ ထားပြီးမှ ခေါင်းလျှော်ချလိုက်ပါ။
တစ်ပတ်တစ်ခါ ပုံမှန်လေးလုပ်ပေးသွားရင် ဆံသားခြောက်ပြီးပျက်စီးနေတာတွေက သိသိသာသာကို သက်သာလာပါလိမ့်မယ်။

Source: www. goodhousekeeping.com