ဆံကေသာ ကြမ်းတမ်းခြောက်သွေ့ပြီး ပြောင်းဖူးမွှေးတွေလို ဖွာလန်ကြဲနေလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ သင့်ရဲ့ဆံကေသာကို သေသေချာချာပြုပြင်ထိန်းသိမ်း စောင့်ရှောက်သင့်နေပြီဆိုတာကို လျစ်လျူမရှုထားသင့်တော့ပါဘူး။

ကြမ်းတမ်းပျက်စီးနေတဲ့ ဆံကေသာကို ပြန်လည်နူးညံ့ပျော့ပျောင်းချင်တယ်ဆိုရင်တော့ မခက်ခဲပါဘူး။ ငှက်ပျောသီး ပေါင်းတင်နည်းလေးကို အသုံးပြုပေးလိုက်ရုံပါပဲ။

ငှက်ပျောသီးနှင့် သံလွင်ဆီ

ငှက်ပျောသီးမှည့်တစ်လုံးကို အနှစ်များရအောင် ချေလိုက်ပါ။ ထို့နောက် သံလွင်ဆီ စားပွဲတင်ဇွန်း နှစ်ဇွန်းဖြင့် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဆံပင်အရင်းကနေ အဖျားအထိ သုတ်လိမ်းပေးလိုက်ပါ။ အရည်များ တစက်စက်မကျစေဖို့ရန်အတွက် Shower Cap လေး ဆောင်းထားလိုက်ပါ။ မိနစ် ၃၀ ခန့်ကြာမှ လျှော်နေကျခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ပေးလိုက်ရပါမယ်။

ငှက်ပျောသီးနှင့် ပျားရည်

အရင်ဦးဆုံး ငှက်ပျောသီးမှည့်တစ်လုံးကို အနှစ်ဖြစ်အောင် ချေမွပစ်လိုက်ပါ။ ထို့နောက် ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲဖြင့် ရောနှောလိုက်ပါ။ ပြီးရင် ဦးရေပြားအနှံ့ သုတ်လိမ်းပေးလိုက်ပါ။ Shower Cap လေး ဆောင်းထားပေးလိုက်ပါ။ မိနစ် ၃၀ ခန့်ကြာမှ ကြက်သီးနွေးရေနွေးလေးနဲ့ ဆေးချပြီး ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ပေးလိုက်ပါ။

ငှက်ပျောသီး၊ သံလွင်ဆီနှင့် ထောပတ်သီး

ထောပတ်သီး တစ်ခြမ်းနှင့် ငှက်ပျောသီးမှည့်တစ်လုံးကို အနှစ်များရအောင် ချေလိုက်ပါ။ ထို့နောက် သံလွင်ဆီ စားပွဲတင်ဇွန်း နှစ်ဇွန်းဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဦးရေပြားအနှံ့ ဆံကေသာပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ မိနစ်သုံးဆယ်ခန့်ကြာမှ ကြက်သီးနွေးရေနွေးဖြင့် ဆေးချလိုက်ပါ။ ပြီးမှ လျှော်နေကျခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ပေးလိုက်ပါ။

ငှက်ပျောသီးနှင့် ရှားစောင်းလက်ပတ်

ငှက်ပျောသီးမှည့်နှစ်လုံးနှင့် ရှားစောင်းလက်ပတ် တစ်ရွက်တို့ လိုအပ်ပါလိမ့်မယ်။ ရှားစောင်းလက်ပတ်ဂျယ်လ်ကို အရွက်မှ ခြစ်ထုတ်လိုက်ပါ။ ထို့နောက် သစ်သီးဖျော်စက်ထဲသို့ ငှက်ပျောသီးနဲ့အတူ ထည့်ထားပြီးနောက် မွှေပေးလိုက်ပါ။

ထို့နောက် ဆံကေသာအရင်းကနေ အဖျားအထိ သုတ်လိမ်းပေးလိုက်ပါ။ Shower Cap ဖြင့် နှစ်နာရီခန့် အုပ်ထားပေးရပါမယ်။ အချိန်ပြည့်မှ ရေအေးအေးလေးနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။

အခုဖော်ပြပေးခဲ့တဲ့ ပေါင်းတင်နည်းတွေထဲက မိမိကြိုက်နှစ်သက်တဲ့ ပေါင်းတင်နည်းတစ်မျိုးမျိုးကို မှန်မှန်ပြုလုပ်ပေးလိုက်ပါ။ ပျိုမေလေးတို့ရဲ့ဆံကေသာက ပိုးသားလေးလို နူးညံ့ပျော့ပျောင်းသွားပါလိမ့်မယ်။

Source: Stylecraze.com

By MyStyle Myanmar