မျက်နှာပေါ်မှာ အမဲစက်တွေရှိတယ်ဆိုတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နေပူထဲအရမ်းသွားရပြီး နေလောင်ကာခရင်မ် (Sunscreen) မလိမ်းရင်လည်း တင်းတိတ်နဲ့ အမဲစက်တွေ ထွက်လာပါတယ်။ အမဲစက်လောက်က ပျောက်အောင်ကုဖို့ နည်းလမ်းများပေမယ့် တင်းတိတ်ဖြစ်သွားပြီဆိုရင်တော့ လေဆာပစ်မှပဲရမှာပါ။ နောက်တစ်ခုကတော့ ဝက်ခြံနဲ့အဆီဖုကြောင့် ကျန်ခဲ့တဲ့ အမဲစက်တွေပါပဲ။ ဘယ်လိုအမဲစက်မျိုးပဲဖြစ်ဖြစ် မျက်နှာပေါ်မှာရှိတဲ့အမဲစက်တွေကို ပျောက်အောင်လုပ်ပေးနိုင်မယ့် အထိရောက်ဆုံးနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

Vitamin C

ကိုယ့်အမဲစက်တွေက အများကြီးနဲ့ အရမ်းဆိုးနေတာမျိုးမဟုတ်ရင် ကိုယ်သုံးမယ့် Skincare ထဲမှာ Vitamin C ကိုထည့်သုံးပေးရုံနဲ့ ရပါတယ်။ Skincare တွေသုံးတဲ့အခါမှာ Vitamin C Serum, Vitamin C Ampoule စတာတွေကို လိမ်းပေးပါ။ Vitamin C က အမဲစက်တွေ အမြန်ဆုံးပါးသွားပြီး ဖြေးဖြေးချင်းစီ ပျောက်သွားစေပါတယ်။

Lasers, Chemical peels

အမြန်ဆုံးချက်ချင်းပျောက်ချင်ရင် ငွေကုန်ကြေးကျခံနိုင်ရင်တော့ Laser ပစ်တာပဲဖြစ်ဖြစ်၊ ဆေးခန်းမှာ Chemical peels လုပ်တာပဲဖြစ်ဖြစ် လုပ်ပေးမယ်ဆိုရင် မျက်နှာပေါ်မှာရှိတဲ့ အမဲစက်တွေ ပျောက်သွားပါလိမ့်မယ်။

Exfoliate

တချို့ကျတော့ နေလောင်ထားတာများလို့ အမဲစက်ထွက်တာမျိုးမဟုတ်ဘူး၊ ဝက်ခြံနဲ့အဆီဖုတွေကြောင့် အမဲတွေကျန်ခဲ့တာမျိုးပါ။ ဒီလို ဝက်ခြံနဲ့အဆီဖုကြောင့်ကျန်ခဲ့တဲ့ အမဲစက်တွေဆိုရင်တော့ Skincare သေချာလုပ်၊ တစ်ပတ်တစ်ခါ Exfoliate သေချာလုပ်၊ Skincare ထဲမှာ Brightening Skincare ကို ထည့်သုံးပေးပါ။ ဒါဆိုရင် အမဲစက်တွေပါးပြီး ဖြေးဖြေးချင်းစီ ပျောက်သွားပါလိမ့်မယ်။

Sunscreen

နေလောင်ပြီး အမဲစက်တွေမဖြစ်အောင် ကြိုတင်ကာကွယ်ချင်ရင်တော့ Sunscreen ကို အမြဲလိမ်းပါ။ Sunscreen မလိမ်းတဲ့အကျိုးဆက်ကတော့ မျက်နှာမှာ အမဲစက်နဲ့ တင်းတိတ်တွေ ထွက်လာပါမယ်။ ကိုယ်က Sunscreen မလိမ်းလို့ ထွက်နေပြီဆိုပြီး မလိမ်းတော့ပဲမနေပါနဲ့။ ပိုဆိုးမလာအောင် Sunscreen လိမ်းပေးရပါမယ်။