Cushion တွေက ရိုးရိုး Foundation တွေထက် လိမ်းရတာပိုလွယ်ပြီး အချိန်ကုန်လည်း သက်သာစေပါတယ်။ ဒါပေမယ့် သုံးမယ်ဆိုရင်လည်း ကိုယ့်အသားအရေနဲ့ အဆင်ပြေတာမျိုးကို သေချာရွေးသုံးဖို့တော့ လိုပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ အသားခြောက်တဲ့သူတွေအတွက် Hydrating ပေးနိုင်ပြီး အကောင်းဆုံးဖြစ်မယ့် Cushion Foundation တချို့ကို မျှဝေပေးလိုက်ပါတယ်။

MISSHA Signature Essence Cushion

SPF 50 PA+++ ပါဝင်တာကြောင့် နေလောင်ဒဏ်ကိုလည်း ကာကွယ်ပေးပါတယ်။ သူ့ Cushion က Moisturising Essence ဖြစ်ပြီး Glow စေတာကြောင့် အသားခြောက်တဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။

NARS Aqua Glow Cushion Foundation

SPF 23 ပါဝင်ပြီး Sweat Proof ဖြစ်စေပါတယ်။ လိမ်းထားရင် ကြည်ကြည်ပြောင်ပြောင်လေးနဲ့ Glow စေတာကြောင့် အသားခြောက်တဲ့သူတွေ ရွေးချယ်သင့်တဲ့ Cushion ပါပဲ။

Sulwhasoo Perfecting Cushion EX

လိမ်းထားရင် ခြောက်ခြောက်ကြီးဖြစ်မနေပဲ ရေဓာတ်ပြည့်ဝပြီး ကြည်လင်နေတဲ့ Look မျိုးရစေတဲ့ Cushion လို့ပြောရမှာပါပဲ။ အသားခြောက်တဲ့သူတွေအတွက် Moisture အပြည့်အဝပေးနိုင်တာကြောင့် အဆင်ပြေပါတယ်။

THE FACE SHOP fmgt CC Intense Cover Cushion

၂၅ နာရီ Moisture ပေးနိုင်တယ်လို့ပြောထားတဲ့ Cushion ဖြစ်ပါတယ်။ လိမ်းထားရင် ကြည်ကြည်ပြောင်ပြောင်လေးနဲ့ Moisture ပေးတာကြောင့် အသားခြောက်တဲ့သူတွေအတွက်တော့ အရမ်းအဆင်ပြေပါတယ်။

HERA Black Cushion

လိမ်းရတာပေါ့ပါးမှုရှိစေပြီး မိတ်ကပ်သားအရမ်းလှပါတယ်။ တစ်နေကုန် Long Lasting ဖြစ်ပြီး ကြည်ကြည်ပြောင်ပြောင်လေး ဖြစ်စေတာကြောင့် အသားခြောက်တဲ့သူတွေအနေနဲ့ မိတ်ကပ်သားတစ်နေကုန်ခံတာလိုချင်ရင် ဒီ Cushion ကိုသာ ရွေးချယ်ပါ။

KOSÉ Infinity Cushion Serum Glow

အသားခြောက်တဲ့သူတွေအတွက် Hydration အပြည့်အဝပေးတဲ့ Cushion ဖြစ်ပါတယ်။ လိမ်းထားရင် အရမ်းကို Glow ပြီး မိတ်ကပ်သားလှနေစေမယ့် Cushion မျိုးပါ။

Bobbi Brown Skin Foundation Cushion Compact

အသားခြောက်တဲ့သူတွေအတွက် အရမ်းအဆင်ပြေတဲ့ Cushion ပါပဲ။ လိမ်းထားရင် အသားအရေက Healthy ဖြစ်နေတဲ့ပုံစံမျိုးလေးရစေတာကြောင့် အသားအရေမွဲခြောက်ပြီး ညစ်နေတယ်လို့ ခံစားရတဲ့သူတွေပါ သုံးလို့အဆင်ပြေပါတယ်။

source:www.dailyvanity.sg