အလုပ်အင်တာဗျူးသွားတဲ့အခါ ဝတ်တဲ့အရောင်က အရေးကြီးတယ်ဆိုတာ သိပါရဲ့လား ? အင်တာဗျူးသွားတဲ့အခါ ပြီးပြည့်စုံတဲ့ဝတ်စုံကိုဝတ်ဖို့ ရွေးချယ်တဲ့အခါ သင်ရွေးချယ်လိုက်တဲ့အရောင်က အင်တာဗျူးသူရဲ့ ပထမဆုံး အထင်အမြင်အပေါ် အများကြီး သက်ရောက်မှုရှိစေပါတယ်။

သင်ဝတ်တဲ့အဝတ်အစားအရောင်က သင့်စရိုက်၊ စိတ်နေသဘောထားနဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်းကို ဖော်ပြပေးနိုင်တာမလို့ အလုပ်အင်တာဗျူးသွားမယ်ဆို ဒီအရောင်တွေကို ရွေးဝတ်သွားပါ။

အပြာရောင်

သင်က ယုံကြည်စိတ်ချရတဲ့ ရိုးသားပြီး ယုံကြည်ရသူတစ်ယောက်ဆိုတာကို ဖော်ပြချင်ရင်တော့ အပြာရောင်ကို ရွေးဝတ်ပါ။

အနက်ရောင်

သွားဖြေမယ့်အလုပ်က ထိပ်ပိုင်းအလုပ် ၊ မန်နေဂျာရာထူးတို့ဆိုရင်တော့ ခေါင်းဆောင်မှုစွမ်းရည်ရှိတာကို ဖော်ပြတဲ့ အနက်ရောင်ကို ရွေးဝတ်ပါ။

မီးခိုးရောင်

သင်ကအလုပ်လုပ်တဲ့နေရာမှာ ကျိုးကြောင်းဆီလျော်ပြီး ဆုံးဖြတ်ချက်ချနိုင်တဲ့သူ ၊ ပရော်ဖက်ရှင်နယ်ဆန်တဲ့သူဆိုတာ သိသာစေချင်ရင်တော့ မီးခိုးရောင်ကို ရွေးဝတ်သွားပါ။

အဖြူရောင်

အဖြူရောင်က သန့်ရှင်းမှုကို ကိုယ်စားပြုတဲ့အရောင်မလို့ သင်က စနစ်တကျ၊ အသေးစိတ်ကျကျနဲ့ သန့်ရှင်းနေသူဆိုတာပြဖို့ဆိုရင်တော့ အဖြူရောင်ကို ရွေးဝတ်ပါ။

အညိုရောင်

အလုပ်မှာ သင်က သူတို့အားကိုးနိုင်တဲ့သူတစ်ယောက်ဖြစ်ပြီး စိတ်ချယုံကြည်ရတဲ့ သူတစ်ယောက်အဖြစ် မြင်စေချင်ရင်တော့ အညိုရောင်ကို ရွေးဝတ်ပါ။