ဘယ်လို စိတ်အခြေအနေမှာပဲဖြစ်ဖြစ်၊ အချစ်ဇာတ်လမ်းတွေက သင့်မျက်နှာကို ပြုံးစေနို်င်တယ်ဆိုတာ ငြင်းနိုင်မယ်မထင်ပါဘူး။ ဆွဲဆောင်မှုအရှိဆုံးဒရာမာအမျိုးအစားဖြစ်တဲ့ Romance ကိုမှ ကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ လက်မလွှတ်သင့်တဲ့ C Drama တချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒါကတော့ စောင်ကိုက်ပြီးကြည့်ရမယ့် Chinese Romance Dramas တွေပါ။

Love 020 (2016)

Love 020 က လူကြိုက်များတဲ့ဝတ္ထုကို ပြန်ရိုက်ထားတဲ့ ဒရာမာဖြစ်ပြီး “Dreaming of Jianghu” ဂိမ်းရဲ့ ကစားသမားတွေလည်းဖြစ်တဲ့ ကောလိပ်ကျောင်းသားနှစ်ယောက် Xiao Nai နဲ့ Bei Wei Wei ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာပါ ။

A Love So Beautiful (2017)

A Love So Beautiful ကလည်း လူကြိုက်များတဲ့ဝတ္ထုကို ပြန်ပြီး ပုံဖော်ထားတာပါ။ ရင်ခုန်စရာကောင်းတဲ့ အခိုက်အတန့်လေးတွေနဲ့ ပြည့်နှက်နေတဲ့ ရင်ခုန်စရာအချစဟာသကားလေးဖြစ်ပြီး ရင်တထိတ်ထိတ်နဲ့ အော်ချင်ချင်ဖြစ်စေမယ့် ဇာတ်ကားတစ်ကားပါ။

Accidentally In Love (2018)

Chen Qing Qing က ချမ်းသာတဲ့မိသားစုက အမွေဆက်ခံသူဖြစ်ပြီး ချစ်စရာကောင်းသလို သဘောထားကြီးပြီး ခေါင်းမာတဲ့ မိန်းကလေးတစ်ယောက် အတန်းဖော်ဟောင်း Si Tu Fang နဲ့ ပဋိပက္ခတွေ ရန်ပွဲတွေ ဆက်တိုက်ဖြစ်ရင်း ဖြစ်လာတဲ့အချစ်ဇာတ်လမ်းလေးပါ။

My Amazing Boyfriend (2016)

ဒီဇာတ်လမ်းက နှစ်ပေါင်း 500 သက်တမ်းရှိတဲ့ လူစွမ်းလူကောင်း Xue Ling Qiao အကြောင်းပါ။ ဇာတ်ကောင်နှစ်ဦးကြား ပွင့်လန်းနေတဲ့ အချစ်ဇာတ်လမ်းလေးက ကြည့်သူတွေအတွက် အမှတ်ရဖွယ် အချစ်ဇာတ်လမ်းတစ်ခုဖြစ်မှာ အသေချာပါ။

The Romance of Tiger and Rose (2020)

စာရေးဆရာမလေး Chen Xiao Qian တစ်ယောက် စာရေးစားပွဲပေါ်မှာ အိပ်ပျော်သွားရင်း သူရေးနေတဲ့ စိတ်ကူးယဉ်ဝတ္ထုထဲရောက်သွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ? မူလကမ္ဘာကိုပြန်ဖို့ကြိုးစားရင်း အချစ်ကိုရှာတွေ့သွားတဲ့ Chen Xiao Qian ရဲ့ဇာတ်လမ်းလေးကလည်း ပရိတ်သတ်တွေ အကြိုက်တွေ့တဲ့ ဇာတ်လမ်းတစ်ခုပါပဲ။

Nice To Meet You (2019)

တကယ်ဆွဲဆောင်မှုရှိတဲ့ သရုပ်ဆောင်နှစ်ယောက်ကြားက Chemistry က လုံးဝကို ပရိတ်သတ်တွေကို ဆွဲဆောင်ခဲ့တဲ့ဇာတ်လမ်းမလို့ အပိုင်း ၁ မှာကတည်းက လက်မလွှတ်ချင်လောက်အောင် ကောင်းနေတာအသေချာပါ။