ဘယ်လိုအသက်အရွယ်မျိုးမှာမဆို ခြေထောက်သန်မာဖို့က အရေးကြီးတဲ့အရာတစ်ခုပါပဲ။ ဒါကြောင့် အချိန်ရရင်ရသလို Chair Exercise တွေလုပ်ပေးသင့်ပါတယ်။ ဒါကြောင့် အိမ်မှာ ကိုယ်အားတဲ့အချိန် အလွယ်တကူလုပ်လို့ရအောင် ခြေထောက်သန်မာဖို့အတွက် လုပ်ပေးသင့်တဲ့ အကောင်းဆုံး Chair Exercise တွေကို ဖော်ပြပေးလိုက်ပါတယ်။

Seated leg lifts

 

ခုံမှာထိုင်ပြီး လက်နှစ်ဖက်ကို အနောက်မှာထားပြီး လက်ဖဝါးနဲ့ ခုံကိုထောက်ထားပါ။ ပြီးရင် ခြေထောက်နှစ်ချောင်းကို ပူးကပ်ပြီးမြှောက်လိုက် ပြန်ချလိုက် လုပ်ပေးရမှာပါ။

Chair squats

ပုံမှာလုပ်ပြထားတဲ့အတိုင်း ထိုင်ခုံမှာ ထိုင်ထပုံစံမျိုး လုပ်ပေးရမှာ ဖြစ်ပါတယ်။

Seated marching

ခုံမှာမတ်မတ်ထိုင်ပြီး ခြေထောက်တစ်ဖက်ကို နည်းနည်းမြှောက်လိုက် ပြန်ချလိုက်၊ နောက်ခြေထောက်တစ်ဖက်ကို နည်းနည်းမြှောက်လိုက် ပြန်ချလိုက်နဲ့ ဘယ်ညာတစ်လှည့်စီ လုပ်ပေးရမှာ ဖြစ်ပါတယ်။

Chair lunges

ထိုင်ခုံကို အနောက်မှာထားပြီး ခြေထောက်တစ်ဖက်ကို ပုံမှာလုပ်ပြထားသလို ထိုင်ခုံပေါ် လှမ်းတင်ထားပါ။ ပြီးရင် ခြေထောက်ကိုကွေးလိုက် ပြန်ဆန့်လိုက်နဲ့ လုပ်ရမှာပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၀ ကြိမ်စီလောက် လုပ်ပေးရင် ရပါပြီ။

Chair step-ups

ခြေထောက်တစ်ဖက်ကို ခုံပေါ်အရင်တက်ပါ။ ပြီးမှ နောက်ခြေထောက်တစ်ဖက်ကပါ ခုံပေါ်တက်ပါ။ ပြီးရင် ခြေထောက်ကို တစ်ဖက်ချင်းစီ အောက်ပြန်ဆင်းပါ။ ပြိုင်တူဆင်းတာ၊ တက်တာမျိုး မလုပ်ပါနဲ့။

Seated bicycle crunches

ခုံမှာထိုင်ပြီး bicycle crunches ပုံစံမျိုး လုပ်ပေးရမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ ပုံမှာလုပ်ပြထားသလို သေချာလေးလုပ်ပေးပါ။

Seated leg circles

ခုံမှာထိုင်ပြီး ခြေထောက်ကို စက်ဝိုင်းပုံစံ လှည့်ပေးရမှာ ဖြစ်ပါတယ်။ ခြေထောက်နှစ်ဖက်လုံး တူတူလှည့်လည်းရသလို တစ်ဖက်ချင်းစီလုပ်လည်း ရပါတယ်။