ကယ်လိုရီတွေလောင်ကျွမ်းသွားစေဖို့အတွက် သိပ်ပြီးအပင်ပန်းခံစရာမလိုပဲ ထိုင်ခုံမှာထိုင်ပြီးလုပ်ရမယ့် Cardio Exercise တွေကို မျှဝေပေးလိုက်ပါတယ်။ အများကြီးလုပ်ရတာလည်း မဟုတ်တာကြောင့် နေ့တိုင်းအချိန်ပေးပြီး လုပ်မယ်ဆိုရင် သိသာတဲ့ Result ကို အချိန်တိုအတွင်းမျာ ရရှိလာမှာပါ။

1. Seated Jacks

ပထမပုံထဲကလို အနေအထားနဲ့ အရင်စပြီးနေပေးပါ။ ပြီးမှ ဒုတိယပုံထဲကလို ခြေထောက်နှစ်ဖက်ကိုကား၊ လက်နှစ်ဖက်ကိုလည်း အပေါ်မြှောက်ပါ။ လက်ကိုမကွေးပဲ တန်းတန်းမြှောက်ပေးပါ။ အဲ့အတိုင်း Position နှစ်မျိုးကို ဆက်တိုက်လုပ်ပေးပါ။ အကြိမ်ရေ ၂၅ – ၃၀ လောက် လုပ်ပေးရင် ရပါပြီ။

2. Skater Switch

ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေထောက်နဲ့လက်ကို တစ်လှည့်စီ ပြောင်းလုပ်ပေးရမှာပါ။ သူ့ကိုလည်း အကြိမ်ရေ ၂၀ – ၃၀ လောက် လုပ်ပေးရင် ရပါပြီ။

3. Leg Lift And Twist

လက်အနေအထား၊ ခြေထောက်အနေအထားကို ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးပါ။ ဒုတိယပုံထဲကလို ခါးလှည့်တဲ့အခါမှာ ဘယ်ညာတစ်လှည့်စီ လှည့်ပေးပါ။ တစ်ဖက်ကို ၁၅ ကြိမ်စီ လုပ်ပေးရပါမယ်။

4. Hinge And Cross

ဒီ Exercise မှာလည်း ပုံမှာလုပ်ပြထားတဲ့ Position နှစ်မျိုးကို တစ်လှည့်စီ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ခါးစောင်းတာကတော့ ဘယ်ညာတစ်လှည့်စီ စောင်းပေးရမှာပါ။ တစ်ဖက်ကို ၁၅ ကြိမ်စီ လုပ်ပေးပါ။

5. Chair Running

နောက်ဆုံး Exercise ကတော့ ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေထောက်နဲ့လက်ကို ဘယ်ညာတစ်လှည့်စီ ဆက်တိုက် နည်းနည်းမြန်မြန်လေး လုပ်ပေးပါ။ ဒီ Exercise အားလုံးကို ဖြေးဖြေးချင်းစီ လုပ်တာထက်စာရင် မြန်မြန်လေးလုပ်ပေးတာက ပိုပြီးထိရောက်မှု ရှိစေပါတယ်။ ဒီ Chair Running Exercise ကတော့ တစ်ဖက်ကို အကြိမ် ၂၀ စီ လုပ်ပေးရမှာ ဖြစ်ပါတယ်။