ဝိတ်ချဖို့အတွက် အမြဲတမ်း ပြောကြတာက Calorie-Burning လေ့ကျင့်ခန်းတွေ လုပ်ဖို့ ဆိုတာပါပဲ။ လေ့ကျင့်ခန်းတိုင်းဟာ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပြီး ကျန်းမာရေးနဲ့ မညီတဲ့ ကယ်လိုရီတွေ လောင်ကျွမ်းစေပါတယ်။ ကယ်လိုရီ Burn စေတဲ့ လေ့ကျင့်ခန်းတွေအများကြီး ရှိပါတယ်။ အခုပြောမယ့် လေ့ကျင့်ခန်းတွေက လုပ်ရကိုင်ရ လွယ်ကူပြီး ကယ်လိုရီလောင်ကျွမ်းစေဖို့ အထိရောက်ဆုံး လေ့ကျင့်ခန်းတွေထဲက တစ်ချို့ ဖြစ်ပါတယ်။
(၁) အပြေးလေ့ကျင့်ခန်း
Photo: Freepik
ပြေးဖို့အတွက် ဖိနပ်တစ်ရံနဲ့ ပြေးလို့ကောင်းမယ့် နေရာတစ်ခုပဲ လိုပါတယ်။ တစ်နာရီ ၇ မိုင်နှုန်းနဲ့ မိနစ် ၃၀ ပြေးမယ်ဆိုရင် ကယ်လိုရီ ၄၉၃ အထိ လောင်ကျွမ်းနိုင်ပါတယ်။
(၂) ရေကူးခြင်း
Photo: Freepik
ရေကူးခြင်းက ပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ လိပ်ပြာကူး ကူးခတ်နည်းကတော့ ကယ်လိုရီကို အများဆုံး လောင်ကျွမ်းစေနိုင်ပါတယ်။ နာရီဝက်ရေကူးသူဟာ ပျမ်းမျှ ၄၂၈ ကယ်လိုရီ လောင်ကျွမ်းအောင် ကူညီပေးပါတယ်။
(၃) ကြိုးခုန်ခြင်း
Photo: Freepik
လက်ဝှေ့သမားတွေ သက်လုံကောင်းဖို့ သွက်လက်မြန်ဆန်ဖို့အတွက် ကြိုးခုန်လေ့ကျင့်ခန်း လုပ်ကြပါတယ်။ မိနစ် ၃၀ ကြိုးခုန်ခြင်းဟာ ကယ်လိုရီ ၅၃၀ အထိ လောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။