တင်မရှိလို မြန်မာဝတ်စုံဝတ်ရင်ပဲ့ဖြစ်ဖြစ် ကိုယ်လုံးပေါ်အင်္ကျီဝတ်ရင်ပဲ့ဖြစ်ဖြစ် Confidentမရှိသလိုခံစားနေရပါသလား။ အချိန်ပေးရပေမယ့် တကယ်တမ်းဇွဲရှိရှိနဲ့ လုပ်မယ်ဆိုရင်တော့ တင်သားကိတ်တဲ့ကောင်မလေးတစ်ယောက်ဖြစ်လာမှာ အသေအချာပါပဲ့။ လေ့ကျင့်ခန်းလုပ်တာဟာ အလှပအတွက်သာမကပဲ ကျန်းမာရေးအတွက်ပါ အရေးပါလှပါတယ်။ ကျန်းမာရေးအတွက် လမ်းပုံမှန်လျှောက်တာ၊ ပြေးတာမျိုးလုပ်နိုင်ပေမယ့် ခန္ဓာကိုယ်အချိုးအစားကျစ်လျစ်လှပဖို့အတွက်ကတော့ ကိုယ်လက်လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးသင့်ပါတယ်။

ဒီတခါမှာတော့ Gym သွားဖို့ အချိန်မပေးနိုင်သူတွေအတွက် အိမ်မှာနေရင်း အလွယ်တကူပြုလုပ်လို့ရတဲ့ တင်သားအကိတ်လေ့ကျင့်ခန်းလေးပဲ့ ဖြစ်ပါတယ်နော်..

၁။ အရင်ဆုံး လေးဖက်ထောက်နေပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို အနောက်ပစ်ပြီး တန်းတန်းကန်ပေးပါ။ပြီးရင် ခြေထောက်ကို အရှေ့ပြန်ပို့ပြီး ဒူးကို ရင်ဘတ်နားထိ ထိအောင်တိုက်ပါ။ မထိရင်လည်းရပါတယ်နော်။ အဲဒီအတိုင်း တစ်ဖက်ကို ၁၅ ကြိမ်လုပ်ပေးရပါမယ်။ ၄ ကြော့လုပ်ပေးပါ။

၂။ စောစောကလိုပဲ လေးဖက်ထောက်ပြီး နေပေးပါ။ ဒါပေမယ့် ခြေထောက်ကို တန်းတန်းမကန်ဘဲ ကွေးပြီးအပေါ်ကို ပင့်ကန်ပေးရမှာပါ။ ပြီးရင် ဒူးကို အတွင်းဖက် ရင်ဘတ်နားထိထိအောင် ပြန်ပို့ပါ။ မထိရင်လည်းရပါတယ်။ စောစောကလိုပဲ တစ်ဖက်ကို ၁၅ ကြိမ် ၄ ကြော့ဆီလုပ်ပေးပါ။

၃။ အရင်ဆုံး ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်ထိကားပြီး မတ်မတ်ရပ်ပါ။ လက်နှစ်ဖက်ကို ခါးထောက်ထားပြီး အခုပုံမှာပြထားသလို ခြေထောက်တစ်ဖက်ကို အရှေ့လှမ်းပြီး ဒူးကွေးလိုက်ပါ။ နောက်တစ်ဖက်ကို ကြမ်းပြင်ကို ထိလုနီးပါးညွန့်ပေးပါ။ ဘယ်ညာနှစ်ဖက်လုံးလုပ်ပြီးရင် ၁ လို့မှတ်ပါ။ ၁၅ ကြိမ် ၄ ကြော့ဖြစ်ပါတယ်။

၄။ အရင်ဆုံး ပက်လက်လှဲပြီး အခုပုံမှာပြထားသလို ဒူးနှစ်ဖက်ကို ထောင်ထားပါ။ ပြီးရင်လက်နှစ်ဖက်ကို ကြမ်းပြင်မှာ ချထားပြီး တင်နဲ့ ခန္ဓာကိုယ်အလယ်ပိုင်းကို အပေါ်ကြွပါ။ ပြီးရင်အဲဒီအတိုင်း ၃ စက္ကန့်လောက်နေပြီး ပြန်ချပါ။ ၁၅ ကြိမ် ၄ ကြော့လုပ်ပေးရပါမယ်။

၅။ နံပါတ် ၄ လေ့ကျင့်ခန်းလိုပါပဲ။ အရင်ဆုံး ကျောလှဲနေပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို အပေါ်တန်းတန်း မြှောက်လိုက်ပါ။ ပြီးရင်စောစောကလိုပဲ တင်နဲ့ ခန္ဓာကိုယ်အလယ်ပိုင်းကို ကြွပေးပါ။ အဲဒီနောက် အဲဒီအတိုင်း ၃ စက္ကန့်လောက်နေပါ။ တစ်ဖက်ကို ၁၅ ကြိမ် ၄ ကြော့လုပ်ပေးရပါမယ်။