ဆံပင်တွေ ဖွာတာ ကြမ်းတာ ခြောက်တာတွေဖြစ်လာရင် Hair Mask ကောင်းကောင်းသုံးပေးမှ အဆင်ပြေမှာပါ။ Target မတူတဲ့ Hair Mask တွေထဲကမှ Frizzy Hair ပို်င်ရှင်တွေအတွက် ဆံပင်ရဲ့အစိုဓာတ်ကို မြှင့်တင်ပေးပြီး ဆံသားကိုပြန်ပြီးကောင်းစေတဲ့ သဘာဝပါဝင်ပစ္စည်းများပါတဲ့ Hydrating Hair Mask တချို့ကို ဝေမျှပေးချင်ပါတယ်။

Kaya Hair Deep Conditioning Mask

ပင်စိမ်းအမြစ်၊ သံပုရာသီး၊ ပန်းသီးအနှစ်နဲ့ ကြံတို့လို အာဟာရဓာတ်တွေပါတဲ့ ဖော်မြူလာနဲ့ ထုတ်ထားတဲ့ ဒီ Mask ကို တစ်ပတ် ၂ ကြိမ် ၃ ကြိမ်လောက် ပုံမှန်သုံးပေးရင် သန်စွမ်းပြီး နူးညံ့တဲ့ ဆံကေသာကို ရရှိစာပါ။

L’Oréal Professional Absolute Repair Lipidium Masque

ရွှေရောင် Quinoa နဲ့ ပရိုတင်းပါတဲ့ ဒီ Mask က အပူကြောင့် ပျက်စီးနေတဲ့ဆံသားကို အစိုဓာတ်ရစေဖို့ ထုတ်ထားတာပါ။ သုံးရတာ lightweight ဖြစ်ပြီး smooth ဖြစ်တဲ့ သူ့ရဲ့ texture ကြောင့် ဆံသားကို ကျန်းမာစေပြီး တောက်ပြောင်စေပါတယ်။

Toni & Guy Damage Repair Mask

ဆံပင်ကို ရေဓာတ်ဖြည့်ဖို့ Mask ရှာနေတာဆိုရင်တော့ ဒီ Mask ကိုသာ သုံးကြည့်ပါ။ အဆီပြန်တာနဲ့ ဆံသားခြောက်တာကို ထိန်းညှိပေးတဲ့ ဒီ Mask ကို စိုနေတဲ့ဆံပင်ပေါ်လိမ်းပြီး 5 မိနစ်လောက် ထားရုံနဲ့ နုပျိုကျန်းမာပြီး နူးညံ့တဲ့ ဆံကေသာကို ရရှိစေမှာပါ။

The Body Shop Shea Butter Richly Replenishing Hair Masks

စိုဓာတ်ထိန်းပေးတဲ့ Shea Butter နဲ့ Vegan ပိုးသားပရိုတင်းတို့ ပါတဲ့ ဒီ Mask က အဖျားနှစ်ခွဖြစ်တာ ၊ ဆံသားကျိုးတာတွေကို သက်သာစေတဲ့အပြင် ကျန်းမာသန်စွမ်းပြီး ပိုမိုတောက်ပစေပါတယ်။ ဒါ့အပြင် သူ့ရဲ့အနံ့မွှေးမွှေးလေးကလည်း သုံးပြီးတိုင်း ဆံပင်ကို မွှေးပျံ့နေစေမှာပါ။

Forest Essentials Intensive Hair Repair Masque Japapatti & Brahmi

Deep Conditioning Mask အနေနဲ့သုံးလို့ရတဲ့ ဒီ Mask ကို ခေါင်းမလျှော်ခင် အရင်သုံးပေးရမှာပါ။ Japapatti နဲ့ Brahmi တို့လို ဆံပင်အတွက်ကောင်းကျိုးတွေပါတာမလို့ ခေါင်းလျှော်ပြီးတာနဲ့ ပျော့ဖက်နူးညံ့နေတဲ့ ဆံကေသာကို ချက်ချင်းရမှာပါ။

Schwarzkopf Professional Bonacure Keratin Smooth Perfect Masque Treatment

သူ့ရဲ့ဖော်မြူလာက ဆံသားကို ပြုပြင်ပေးပြီး လိုအပ်တဲ့အာဟာရကိုပေးတဲ့အပြင် ဆံသားပျော့ပြောင်းမှုကိုရစေတဲ့ ဖော်ြမူလာနဲ့ ထုတ်ထားတာပါ။ စိုနေတဲ့ဆံပင်ပေါ် လိမ်းပြီး ရေမဆေးခင် မိနစ်အနည်းငယ်လောက် ထားလိုက်ပါ။ ပြီးမှ ရေနဲ့ဆေးချပါ။