ရေမွှေးကြိုက်တဲ့သူတော်တော်များများကတော့ Body Mist က ရေမွှေးတွေလောက် ကြာရှည်မခံလို့ မကြိုက်ကြပေမယ့် Body Mist မှ Body Mist ဆိုပြီး ကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် Body Mist ကိုမှ ကြိုက်တဲ့သူတွေအတွက် လူကြိုက်များတဲ့ ရေမွှေးတွေကို ယှဉ်နိုင်တဲ့ အကောင်းဆုံး Body Mist တချို့ကို ဝေမျှပေးချင်ပါတယ် ။

PHLUR Vanilla Skin Hair & Body Fragrance Mist

သင် Vanilla အနံ့ကိုကြိုက်တဲ့သူဆိုရင် ဒါလေးသုံးကြည့်ပါ။ သူ့ရဲ့အနံ့က ဂန္တဝင်ဆန်ပြီး နွေးထွေးမှုကို ခံစားမိစေတဲ့အပြင် လူအများကြားမှာလည်း သူ့အနံ့လေးကြောင့် သတိထားမိစေမှာပါ။

Being Frenshe Solar Fleur Hair, Body & Linen Mist

Solar Fleur အနံ့တွေက မတူညီတဲ့ စိတ်ခံစားမှုတွေကို ပေးနိုင်တဲအပြင် သူ့ရဲ့အနံ့လေးက ရတဲ့သူတိုင်းကို တက်ကြွလန်းဆန်းစေပြီး ပျော်ရွှင်မှုကို ခံစားမိစေမှာပါ။ အရမ်းအဆင်ပြေတဲ့ရနံ့လေးမို့ အကြိုက်တွေ့မှာ အသေချာပါ။

Sol de Janeiro Cheirosa 59 Perfume Mist

နွေရာသီရနံ့တွေကြောင့် လူသိများတဲ့ Sol de Janeiro’s Cheirosa 59 ရဲ့ရနံ့လေးက ချိုမြိန်ပြီး သူ့ရဲ့ပန်းရနံ့လေးတွေက နွေညရဲ့ခံစားချက်ကို ရစေပါတယ်။ ဒါ့အပြင် တစ်နေ့လုံးမှာလည်း သူ့ရဲ့အနံ့လေးက တော်တော်ကြာကြာခံပါတယ်။

Rituals The Rituals of Ayurveda Hair & Body Mist

သူ့မှာပါတဲ့ Argan Oil နဲ့ Vitamin E Oil တို့က အသားအရေကိုကျန်းမာစေတဲ့အပြင် Sweet Almond Oil နဲ့ Indian rose တို့ ပေါင်းစပ်ထားတဲ့ ဒီ Body Mist ရဲ့ မွှေးလွန်းတဲ့အနံ့ကြောင့် နေ့တိုင်းသုံးဖို့လည်း အဆင်ပြေပြီး ရိုးမသွားစေပါဘူး။

Ellis Brooklyn Sand Fragrance Body Mist

ဖြန်းလိုက်တဲ့အချိန်မှာ ရတဲ့ရလဒ်က ပူလွန်းတဲ့ရာသီဥတုမှာ ကမ်းခြေကိုခရီးသွားတဲ့ Vibe မျိုးလိုချင်ရင် ဒီ Body Mist ကိုသာ သုံးလိုက်ပါ။

Saltair Santal Bloom Body Mist

နွေးထွေးပြီး ဇိမ်ရှိတဲ့ ကတိုးရနံ့ ၊ Sandalwood နဲ့ ပယင်းတို့ ပေါင်းစပ်ထုတ်ထားတဲ့ ဒီ Body Mist ရဲ့အနံ့က တကယ်ကိုအံ့သြစရာကောင်းပြီး ကြာရှည်ခံပါတယ်။ နေ့ရောညပါသုံးဖို့ သင့်တော်တာမလို့ သေချာတာကတော့ လူကြိုက်များမှာပါ။