ဆောင်းတွင်းမှာ လူတိုင်းကြုံတွေ့ရတဲ့ အသားအရေပြဿနာတစ်ခုကတော့ အသားအရေခြောက်သွေ့ခြင်းပဲဖြစ်ပါတယ်။ အခြားသောအချိန်တွေမှာပါ အသားအရေကို ခြောက်သွေ့သလို ခံစားရတတ်တဲ့သူများကတော့ ဆောင်းရာသီမှာ ခြောက်သွေ့ခြင်းအပြင် ယားယံခြင်းကိုပါ အပိုဆောင်းခံစားလေ့ရှိပါတယ်။

ဒီလိုအသားအရေပြဿနာကြောင့် စိတ်ညစ်နေရတဲ့သူများအတွက် အသားအရေကို လျင်မြန်စွာ အစိုဓာတ်ပြန်လည်ထိန်းညှိပေးမယ့် အကောင်းဆုံးဘော်ဒီလိုးရှင်းများကို ဝေမျှပေးချင်ပါတယ်။

Cetaphil Intensive Healing Lotion

Source: DoorDash

ဒီလိုးရှင်းထဲမှာ ပါဝင်တဲ့ Ceramides သည် ပျက်စီးနေတဲ့အသားအရေများကို အမြန်ဆုံးကုသပေးပြီး နေကြာစေ့အဆီကတော့ အသားအရေကို ၂၄ နာရီပတ်လုံး ရေဓာတ်ပြည့်ဝနေအောင် ကူညီပေးပါတယ်။ လိမ်းကျံလိုက်တဲ့အခါ ကပ်စေးကပ်စေးမရှိတာကြောင့် စိတ်သက်သာရာရစေမှာဖြစ်ပါတယ်။ အနံ့လည်း မပါဝင်တဲ့အတွက်ကြောင့် အများစု ကြိုက်နှစ်သက်ကြပါတယ်။

CeraVE Daily Moisturizing Lotion

Source: Project Vanity

သူကတော့ Lightweight ဖြစ်တဲ့အတွက်ကြောင့် အသားထဲ အမြန်ဆုံး စိမ့်ဝင်နိုင်ပြီး ကပ်စေးကပ်စေးမဖြစ်အောင်လည်း ကူညီပေးပါတယ်။ အရေပြားအထူးကုပညာရှင်များကိုယ်တိုင် ဖန်တီးထုတ်လုပ်ထားတဲ့အတွက်ကြောင့် အသားအရေအတွက် ဘေးဥပါဒ်ဖြစ်မှာ စိုးရိမ်စရာမလိုပါဘူး။ ဒါ့အပြင် အနံ့မပါတဲ့အတွက်ကြောင့် Sensitive အရေပြားပိုင်ရှင်များလည်း အသုံးပြုနိုင်ပါတယ်။

La Roche-Posay

Source: Ubuy UK

လိုးရှင်းလိမ်းကျံပြီးတဲ့နောက်မှာ အသားအရေကို အေးအေးလေးနဲ့ နေလို့ထိုင်လို့ကောင်းတဲ့ ခံစားချက်များ ရရှိချင်တယ်ဆိုရင်တော့ La Roche-Posay လိုးရှင်းကိုသာ ရွေးချယ်လိုက်ပါ။ သူသည် Steroids ရော အနံ့ပါ မပါဝင်တဲ့အတွက်ကြောင့် Sensitive အသားအရေပိုင်ရှင်များပါ အသုံးပြုနိုင်ပါတယ်။

Vaseline

Source: Pinterest

ဒီဘရန်းကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားတံဆိပ်တစ်ခုပဲဖြစ်ပါတယ်။ Spray Moisturizer ဖြစ်တဲ့အတွက်ကြောင့် စပရေးဖြန်းလိုက်ရုံပဲဖြစ်ပါတယ်။ အလုပ်များတဲ့သူများအတွက်တော့ အသင့်တော်ဆုံး စပရေးလိုးရှင်းလေးပါပဲ။