အားလုံးပဲမင်္ဂလာပါနော်။ အခုခေတ်က ပိန်တာထက် ကျစ်လျစ်တောင့်တင်းပြီး Fit ဖြစ်နေတဲ့ ခန္ဓာကိုယ်မျိုးကို ပိုပြီးလိုချင်လာကြတာကို တွေ့ကြမှာပါနော်။ အဲ့လိုခန္ဓာကိုယ်ကလည်း သိပ်ကိုဆွဲဆောင်မှုရှိတယ်ဆိုတာကို သင်ငြင်းနိုင်မှာ မဟုတ်ပါဘူး။ ဒီလို Fit ဖြစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေ၊ အသီးအနှံတွေကို စနစ်တကျလေး စားပေးသင့်ပါတယ်။ အဲ့ဒါ့အပြင် ရေများများသောက်ပြီး ဒီလိုလေ့ကျင့်ခန်းလေးကိုပါ တွဲလုပ်ပေးလိုက်မယ်ဆိုရင်ဖြင့် လူအများငေးမောအားကျရတဲ့ ခန္ဓာကိုယ်လှလှလေးကို အချိန်တိုအတွင်းမှာ ပိုင်ဆိုင်ရမှာပဲ့ ဖြစ်ပါတယ်။

ကဲ..ဒီတော့ လှပကျစ်လျစ်ပြီး Fitဖြစ်နေတဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ခန္ဓာကိုယ်လေးကို ရရှိပိုင်ဆိုင်ဖို့ ဒီလေ့ကျင့်ခန်းလေးတွေကို ဒီနေ့ကစပြီး လုပ်ဆောင်ကြရအောင်။

V-Sit Crunch

အရင်ဆုံး ကျောလှဲနေလိုက်ပြီး ခြေထောက်နှစ်ဖက်ကို ချထားပါ။ ပြီးရင်တော့ ဗိုက်ကို အားပြုပြီး ခန္ဓာကိုယ်ကို ကြွလိုက်ကာ ခြေထောက်လေးကိုလည်း မြောက်ပေးလိုက်ပါ။

တခါလုပ်ရင် ၁၅ ကြိမ် ၃ ကြော့လုပ်ပေးပါ။

Donkey Kick

အရင်ဆုံး ပုံမှာပြထားသလို လေးဘက်ထောက်လေးနေလိုက်ပြီး ခြေထောက်တစ်ဖက်ကို မြောက်ပေးပါ။ တစ်ဖက်ကို အကြိမ် ၂၀ ဘယ်၊ ညာ လုပ်ပေးပါ။ အဲဒါကိုမှ တဘက်ကို ၃ ကြော့ဆီ လုပ်ပေးရပါမယ်နော်။

Bridge

အရင်ဆုံး ကျောလှဲနေလိုက်ပြီး။ ဒူးထောင်ကာခြေထောက်ကို ချထားပါ။ လက်နှစ်ဖက်ကို ဆန့်ထားလိုက်ပြီး ခန္ဓာကိုယ်အလယ်ပိုင်းကို ကြွပေးလိုက်ပါ။ တခါလုပ်ရင် ၁၅ ကြိမ် ၃ ကြော့လုပ်ပေးပါ။

Plank

အခုပုံမှာပြထားသလိုမျိုး Plank ထောက်ပေးရမှာပါ။ ဒီလိုလုပ်တဲ့အခါ ခါးကို ဖြောင့်ဖြောင့်ထားဖို့လိုတယ်နော်။ ကိုယ်နေနိုင်သလောက်နေပါ။ ၃ ကြော့လုပ်ပေးပါ။

Side-Lying Leg Lifts

အရင်ဆုံး ဘေးဘက်လှဲနေပေးပါ။ ပြီးရင် လက်ကို ပုံမှာပြထားသလို ချထားပြီး ခြေထောက်ကို မြောက်ပေးရမှာဖြစ်ပါတယ်။ တခါလုပ်ရင် ဘယ်၊ ညာ ၁၅ ကြိမ် ၃ ကြော့လုပ်ပေးပါ။